top of page

မင်းတုန်းနဲ့ပွင့်ဖြူ တိုက်ပွဲတွေအတွင်း နှစ်ဘက်ကျဆုံးမှုရှိနေ

  • Writer: BVJ
    BVJ
  • Feb 21
  • 1 min read

BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၅


ree

မကွေးတိုင်း မင်းတုန်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ အခု ဖေဖော်ဝါရီ တတိယပတ်အတွင်း တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို တော်လှန်ရေးရဲဘော်တချို့လည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။


ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၄ နာရီခွဲဝန်းကျင်က ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်ရဲ့ ရှေ့တန်းဂိတ်စခန်းတစ်ခုဖြစ်တဲ့ ကျစ်ကိုင်းစစ်ဆေးရေးဂိတ်ကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ ပွင့်ဖြူမြို့နယ်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PDF Pwintbyu က ထုတ်ပြန်ထားပါတယ်။ စစ်ဆေးရေးဂိတ်နေရာမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။


ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မင်းတုန်းမြို့ မြောက်ပြင်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ ၈၈ နဲ့ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) တို့က ထုတ်နှုတ်အင်အားတွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၇၀ ဝန်းကျင်ကို သရက်ခရိုင်တပ်ရင်း ၄ ၊ တပ်ခွဲ ၁ ၊ ၂ ၊ ဒရုန်းတပ်ဖွဲ့နဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ဒရုန်းတပ်ဖွဲ့တို့က ဝင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်မှာ မင်းတုန်းမြို့ကို ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။




တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပေမဲ့ အရေအတွက်ကို အတိအကျမသိရဘူးလို့လည်း သရက်ခရိုင်တပ်ရင်း ၄ တာဝန်ခံတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။

မြောက်ပြင်ရွာ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။


သရက်မြို့နယ်အခြေစိုက် စစ်ကောင်စီ ကပစ ၁၂ ကနေ ထွက်လာတဲ့ စစ်ကောင်စီ FAW ကားတစ်စီးကို မင်းတုန်းမြို့နယ် အလယ်ချောင်းရဲစခန်းအနီး သရက်-မင်းတုန်းလမ်းပိုင်းတစ်နေရာမှာ မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ် (USB Army) ၊ မင်းတုန်းမြို့နယ် ပကဖ / အထက်မင်းလှမြို့နယ် ပကဖတို့က အခုလ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က (၈)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း United States of Burma Army (USBA) က ဒီနေ့မှာ ထုတ်ပြန်ထားပါသေးတယ်။


မင်းတုန်းမြို့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းမှု လုပ်ဆောင်နေပြီး ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းပစ်ကူ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သလို မင်းတုန်းမြို့ ၅ မိုင်ဂိတ်အနီးကနေ ၁၂၀ မမနဲ့ လက်နက်ကြီးပစ်ကူပေး တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page