top of page

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF Mindat ထုတ်ပြန်

  • Writer: Zayar Oo
    Zayar Oo
  • Dec 28, 2024
  • 1 min read

BVJ/မိုနာ _ ဒီဇင်ဘာ ၂၄ ၊ ၂၀၂၄



ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့က စစ်ကောင်စီနောက်ဆုံးလက်ကျန် ခြေလျင်တပ်ရင်း အမှတ် - ၂၇၄ ကို ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေက အခုလ ၂၁ ရက်က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့ဟာ စစ်ကောင်စီကင်းစင်နေရာတစ်ခုဖြစ်လာတယ်လို့ ချင်းညီနောင်က ကြေညာခဲ့ပါတယ်။


မင်းတပ်မြို့ကို သိမ်းပိုက်ပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီကနေ ရရှိခဲ့လက်နက်ခဲယမ်းအမြောက်အများကို CDF မင်းတပ်က ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။


မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စခန်းစွန့်ခွာထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းညီနောင်အဖွဲ့က လိုက်လံဖမ်းဆီးရာမှာ ရာဂဏန်းနီးအထိ ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကလည်း ပြောထားပါတယ်။ မင်းတပ်-ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ နီးပါးဟာ လက်နက်ချ အလင်းဝင်မှုလည်း ရှိခဲ့ပါတယ်။



မင်းတပ်မြို့သိမ်းကို သိမ်းယူနောက်တစ်ရက် ဒီဇင်ဘာ ၂၂ ရက်မှာ ကန်ပက်လက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံအဖွဲ့တွေဟာ စခန်းစွန့်ခွာထွက်သွားတာကြောင့် ကန်ပက်လက်မြို့ကိုလည်း ချင်းညီနောင်အဖွဲ့က သိမ်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပလက်ဝမြို့၊ မတူပီမြို့၊ မင်းတပ်မြို့နဲ့ ကန်ပက်လက်တို့ကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် ချင်းပြည်နယ် တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီလို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page