top of page

ဘန်ကောက်က ပြိုကျတဲ့ အထပ်၃၀ အဆောက်အဦးအောက် ပိတ်မိနေသူတွေ ရှာဖွေတဲ့လုပ်ငန်းစဥ် ခွေးအသုံးပြု ရှာဖွေတာ ရပ်နားလိုက်ပြီ

  • Writer: BVJ
    BVJ
  • Apr 18
  • 1 min read

BVI/အေတီ_ဧပြီ ၈ ၊ ၂၀၂၅

Photo: Bangkok Post
Photo: Bangkok Post

ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားတဲ့ ဘန်ကောက်မြို့က အထပ်၃၀မြင့် အဆော က်အဦးအော က်မှာ ပိတ်မိနေတဲ့သူတွေ ကို ခွေးတွေနဲ့ အနံ့ခံ ရှာဖွေကယ်ဆယ်တဲ့ အလုပ်ကို ဧပြီလ၇ရက်နေ့က စတင် ရပ်နားလိုက်ပြီလို့ သိရပါတယ်။


ထိုင်းအစိုးရ စာရင်းစစ်ရုံး အပျက်အစီးပုံအောက် ပိတ်မိနေတဲ့သူတွေ ကို ခွေးတွေနဲ့ ၁၁ရက်ကြာ အနံ့ခံ ရှာဖွေခဲ့ပြီးနောက် အခုလို ရပ်နားလိုက်တာဖြစ်ပါတယ်။ခွေးနဲ့ အနံ့ခံရှာဖွေတဲ့ အဖွဲ့မှာ K9 USAR Thailand အဖွဲက အ ခွေး၉ကောင် ၊ကနေဒါကယ်ဆယ်ရေးအဖွဲ့က ခွေးတစ်ကောင် စုစုပေါင်း ခွေး၁၀ကောင်ပါဝင်ပါတယ်။


ဘန်ကောက်မြို့က အခြားအထပ်မြင့်အဆောက်အဦးတွေမပြိုကျပဲ ဆောက်လုပ်ဆဲ့ အထပ် ၃၀မြင့် တစ်ခုပဲ ဘာကြောင့်ပြိုကျရလဲဆိုတဲ့ အဆောက်အဦး အကြောင်းရင်းကို စုံစမ်းစစ်ဆေး‌ ရေးမှုတွေ စတင်လုပ်ဆောင်နေပြီး အပျက်အစီးပုံတွေအောက်က အထောက်အထားတွေကို အင်္ဂါနေ့က စတင်စုဆောင်းမှာလို့ သိရပါတယ်။


ဘန်ကောက်ရဲတပ်ဖွဲ့ရဲ့ အတည်ပြုချက်အရ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ကျက်တူကျက် ရပ်ကွက် ငလျင် လှုပ်တိုက်ပြိုကျမှုမှာ ပါသွားသူ စုစု‌ပေါင်း ၁၀၃ဦးရှိပြီး၊ သေဆုံးသူ (၁၇)ဦး၊ ဆေးကု သမှုခံယူနေ သူ၉ဦး၊ ပျောက်ဆုံးတဲ့သူ ၇၇ဦးရှိပါတယ်။သေဆုံးတဲ့သူ ၁၇ဦးထဲ မှာ မြန်မာရွှေ့ပြောင်းလုပ်သား၁၁ဦးပါဝင်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page