top of page

ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ကိုလက်မခံကြောင်း တိုင်းရင်းသားတော်လှန်ရေး ကိုးဖွဲ့ ကြေညာ

  • Writer: BVJ
    BVJ
  • Feb 13
  • 1 min read

BVJ/မိုနာ_ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅

ree

ဗဟိုချုပ်ကိုင်မှုစနစ်ကို အသစ်တဖန်ပြန်လည်အားကောင်းစေမယ့် ဗဟိုအခြေပြုဖက်ဒရယ်စနစ် (Holding Togther)ကိုလက်ခံကျင့်သုံးသွားမှာမဟုတ်ဘဲ “ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး" (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုနဲ့သာ တိုင်းပြည် ပြန်လည်တည်ဆောက်သွားနိုင်ရေးကြိုးပမ်းသွားမယ်လို့ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း (၉)ဖွဲ့ကပူးပေါင်းပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို တော်လှန်ရေးကာလ/ကြားကာလက စတင်ပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မှုကိုလက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိတဲ့ အုပ်ချုပ်ရေးစာတမ်း(Governing Document) အဖြစ် ကျင့်သုံးဆောင်ရွက်သွားဖို့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ပြင်ဆင်ရေးဆွဲနေပြီလို့လည်း အသိပေးထားပါတယ်။


ဒါကြောင့်စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ တော်လှန်ရေးကာလ/ကြားကာလက စတင်ပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ ဗဟိုချုပ်ကိုင်မှု စနစ် (Centralization)အသစ်တဖန်ပြန်လည်အားကောင်းစေမယ့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Holding Together) ကို လက်ခံကျင့်သုံးသွားမှာ မဟုတ်ဘူးလို့ပူးတွဲ ကြေညာတာပါ။

ree

အခုပူးတွဲကြေညာချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအ

စည်းအရုံး (KNU)၊ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)၊တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB တို့က ထုတ်ပြန်တာပါ။


ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့အခမ်းအနားကို ပေးပို့တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ သဝဏ်လွှာမှာလည်း မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး၊ တော်လှန်ရေးခေါင်းဆောင်တွေဟာ နိုင်ငံရေးယဉ်ကျေးမှုနိမ့်ကျတာကြောင့် ဒီနေ့အထိပြည်ထောင်စုမတည်ဆောက်နိုင်တာ ဖြစ်ကြောင်းပြောထားပါတယ်။


မြန်မာပြည်မှာရှိတဲ့ နိုင်ငံသားတိုင်း၊ လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီဖြစ်ကြောင်းနဲ့ ပင်လုံစာချုပ်မှာ ချုပ်ဆိုတဲ့ နိုင်ငံရေးအနှစ်သာရတွေကို တော်လှန်ရေးအင်အားစုတွေ ပြည့်ပြည့်ဝဝ ကြိုးပမ်းအကောင်အထည်ဖော်သင့်ပြီလို့လည်း TNLAက တိုက်တွန်းထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page