top of page

ဗန်းမော် စစ်ကောင်စီအမြောက်တပ် ၃၆၆ ကို KIA သိမ်းယူ

  • Writer: BVJ
    BVJ
  • Feb 5
  • 1 min read

BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၃ ၊ ၂၀၂၅


Photo: Snapshot from Gadu Tang's Video.
Photo: Snapshot from Gadu Tang's Video.

ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ အမှတ် ၃၆၆ အမြောက်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောကြားပါတယ်။


ဗန်းမော်မြို့ အခြေစိုက် စစ်ကောင်စီ အင်အားအများအပြားတပ်စွဲထားတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အနီးမှာရှိနေတဲ့ အမတ ၃၆၆ ကို မနေ့ ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းမှာလည်း KIA နဲ့ ကချင်ဒေသကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


“မနေ့က ၅ နာရီဝန်းကျင်လောက်မှာ အမတ ၃၆၆ ကို သိမ်းလိုက်တာ ဟုတ်ပါတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ အမြောက်တပ်ကို သိမ်းယူထားနိုင်ခဲ့ပြီး စစ်သုံ့ပန်း ဖမ်းဆီးရမိမှုအခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။


Photo: Snapshot from Gadu Tang's Video.
Photo: Snapshot from Gadu Tang's Video.

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်လည်စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်တွေအတွင်း အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းကို ဇန်နဝါရီ ၂၅ ရက်မှာ သိမ်းယူနိုင်ခဲ့သလို ဗန်းမော်လေဆိပ်ကိုလည်း KIA ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၂၆ ရက်မှာ စတင်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခု အမတ ၃၆၆ ကို ထပ်မံသိမ်းယူနိုင်ခဲ့ချိန် ဗန်းမော်မြို့အတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ရင်းစခန်း ၂ ခုနဲ့ လေဆိပ်ကို KIA က ထိန်းချုပ်လာနိုင်တာလည်း ဖြစ်ပါတယ်။


ဗန်းမော်မြို့အတွင်း စစ်ကောင်စီ အဓိကဌာနချုပ်ဖြစ်တဲ့ စကခ ၂၁ ရှိနေပြီး လက်အောက်ခံ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၂၃၆ နဲ့ အမှတ် ၄၇ တို့လည်းရှိနေသလည်း အမြောက်တပ်တွေဖြစ်တဲ့ အမတ ၃၆၆၊ အမတ ၃၀၄ နဲ့ အမှတ် ၇၀၀၆ သံချပ်ကာကားတပ်ရင်း၊ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းတို့လည်း ရှိနေတာ ဖြစ်ပါတယ်။


ဗန်းမော်-မံစီမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်မှာ စတင်ခဲ့ပြီးနောက် အခုနှစ် ဇန်နဝါရီ ၈ ရက်မှာ မံစီမြို့ကို KIA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းယူနိုင်ခဲ့သလို ဗန်းမော်မြို့ကို အပြီးသတ် သိမ်းယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page