top of page

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီဖွဲ့စည်းမယ်လို့ NLDထုတ်ပြန်

  • Writer: BVJ
    BVJ
  • Feb 27
  • 1 min read

BVJ/မိုနာ_ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅


၂၀၁၆ အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) တစ်နှစ်ပြည့်အခမ်းအနားမှာ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ရစဉ် (Photo: Getty Images)
၂၀၁၆ အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) တစ်နှစ်ပြည့်အခမ်းအနားမှာ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ရစဉ် (Photo: Getty Images)

အာဂျင်တီးနားတရားရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီဖွဲ့စည်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDက ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။


၂၀၁၇ခုနှစ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိ (၂၂)ဦးနဲ့ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါ စုစုပေါင်း (၂၅)ဦးကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ၁၃ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့တဲ့အပေါ်မှာ NLDက ထုတ်ပြန်လာတာပါ။


မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အရ စစ်တပ်ရဲ့ရပ်တည်မှုပုံသဏ္ဍာန်ကို လေ့လာထည့်သွင်းစဥ်းစားမှု လုပ်ဆောင်ဖို့ပျက်ကွက်ပြီး ဖမ်းဝရမ်းထုတ်ခြင်းဟာ ထိခိုက်နစ်နာသူတွေအတွက်တရားမျှတမှု ရှာဖွေပေးရမယ့် တရားရုံးရဲ့ဆင်ခြင်တုံတရားနဲ့ အဂတိအစွဲကင်းမှုအပေါ် ထိခိုက် အားနည်းစေနိုင်တယ်လို့လည်း NLDက ဖော်ပြထားပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖမ်းဝရမ်းထုတ်လိုက်တာဟာ စစ်အာဏာရှင်ကို တွန်းလှန်နေကြတဲ့ မြန်မာပြည်သူတရပ်လုံး စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့အပေါ် ဖမ်းဝရမ်းထုတ်ခြင်းကို အာဂျင်တီးနားတရားရုံးအနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့ကိုလည်း NLDဗဟိုအလုပ်ကော်မတီက မေတ္တာရပ်ခံထားပါသေးတယ်။


ဒါကြောင့် သူတို့နှစ်ဦး ဖမ်းဝရမ်းထုတ်ထားတာကနေဖယ်ရှားနိုင်ဖို့အတွက် ကော်မတီဖွဲ့စည်းပြီး ရည်ရွယ်ချက်တူတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page