ဖတ်ချာဘူရီပြည်နယ် စစ်ဆေးရေးဂိတ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်း ၁၀၆ ဦးဖမ်းမိ
- BVJ

- Feb 14
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဖတ်ချာဘူရီပြည်နယ် ဖတ်ကာဆမ်လမ်း စစ်ဆေးရေးဂိတ်တစ်ခုမှာ တရားမဝင် မြန်မာရွှေ့ပြောင်း ၁၀၆ ဦးကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ The Khaosod သတင်းဌာနက ဖော်ပြထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ဖတ်ချာဘူခရိုင် စစ်ဆေးရေးဂိတ်မှာ ကုန်ကားတစ်စီးကို စစ်ဆေးချိန် မြန်မာ ၁၀၆ ဦးကို တွေ့ရှိခဲ့တာလည်းဖြစ်ပြီး အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦးနဲ့ ကလေး ၁၁ ဦးတို့ကိုလည်း ကုန်တင်ကားအတွင်းမှာ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေက ယာဉ်မောင်းဖြစ်သူ Weeraphan ကို စစ်ဆေးချိန် မြန်မာနိုင်ငံသားတွေကို ရတ်ချာဘူရီပြည်နယ် Damnoen Saduak ခရိုင်ကနေ ထိုင်း-မလေးရှားနယ်စပ် ဆုန်ခလာခရိုင် ဟတ်ယိုင်ကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့လည်း ဝန်ခံထွက်ဆိုထားပါတယ်။
ထိုင်းယာဉ်မောင်းဖြစ်သူကိုတော့ လူကုန်ကူးမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး ဖမ်းဆီးရမိတဲ့ တရားမဝင် မြန်မာရွှေပြောင်းတွေကိုတော့ ပြည်နှင်ဒဏ်ပေးကာ မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်မယ်လို့ သိရပါတယ်။
အခုလ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ထိုင်းနိုင်ငံ မြောက်ပိုင်း ဖတ်ချာဘွန်းပြည်နယ် Khao Kho ခရိုင် တောတွင်းတစ်နေရာမှာ တရားမတင် မြန်မာရွှေ့ပြောင်း ၅၇ ဦးကို လူကုန်ကူးသူတွေက စွန့်ပစ်ထားခဲ့ပါသေးတယ်။ ယင်းမြန်မာ ၅၇ ဦးကို ပတ္တရားမှာ အလုပ်ရရှိမယ်လို့ လူကုန်ကူးသူတွေက လိမ်လည်ခေါ်ဆောင်လာပြီး စွန့်ပစ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ လူကုန်ကူးမှုတွေကို ထိုင်းအစိုးရနဲ့ အာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဆောင်ရွက်နေချိန် ဒေသဆိုင်ရာအာဏာပိုင်တွေကလည်း လူကုန်ကူးမှုနဲ့ပတ်သက်နေတဲ့ လမ်းကြောင်း၊ အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးဖော်ထုတ်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေတာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။











Comments