top of page

ပုလဲကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ထဲက ၇ ဦး ဗိုလ်နဂါးတပ်ဖွဲ့ဆီ အလင်းဝင်လာ

  • Writer: Zayar Oo
    Zayar Oo
  • Dec 22, 2024
  • 1 min read

BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၁ ၊ ၂၀၂၄


ree

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ကနေ ပုလဲမြို့ပေါ်ကို အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကတပ်ဖွဲ့ဝင် ၇ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။


လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ စစ်မှုထမ်း အပတ်စဉ် ၄ သင်တန်းဆင်းတွေဖြစ်တယ်လို့လည်း BNRA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလင်းဝင်လာသူ စစ်ကောင်စီတပ်သား ၇ ဦးတွင် ၅ ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် အလင်းဝင်ရောက်လာတာဖြစ်ပြီး ကျန် ၂ ဦးကတော့ ဒီဇင်ဘာ ၁၁ ရက်မှာ ထပ်မံအလင်းဝင်ရောက်တယ်လို့ သိရပါတယ်။




လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့အတူ MA1 ၄ လက်၊ ကျည်ဘောက်- ၈ ဘောက်၊ MA3 (၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ၅.၅၆ကျည်- ၇၅၆ တောင့်နဲ့ ဒရုန်းတစ်စင်းတို့ကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာသူတွေကို BNRA က ငွေကျပ်သိန်း ၅၀ စီ ဂုဏ်ပြုပေးအပ်ခဲ့ပြီး လက်နက်မဲ့အလင်းဝင်လာသူတွေကိုတော့ ငွေကျပ် ၅ သိန်းစီ အသိအမှတ်ပြုပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။


ပုလဲမြို့သိမ်းတိုက်ပွဲကို BNRA က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၂ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနဲ့ မြေပြင်ပစ်ကူ အများအပြားသုံးကာ နိုဝင်ဘာ ၁၄ ရက်မှာ ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဘုတလင်မြို့ကနေ စစ်ကူအင်အားဖြည့်တင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


ပုလဲမြို့သိမ်းတိုက်ပွဲနောက်ပိုင်း စစ်ကောင်စီ ဘုတလင်စစ်ကြောင်းကနေ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၉ ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။ လက်နက်ချအလင်းဝင်လာသူတွေထဲက ၇ ဦးဟာ BNRA တပ်ဖွဲ့အတူရှိနေပြီး ကျန် ၂ ဦးကတော့ အခြားတော်လှန်ရေးတပ်ဖွဲ့တွေထံ ရောက်ရှိခိုလှုံနေတယ်လို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page