ပုပ်ရဟန်းမင်းကြီး စျာပန နိုင်ငံ ၁၅၀ က ခေါင်းဆောင်တွေနဲ့ လူ ၄ သိန်းကျော်တက်ရောက်
- BVJ

- Apr 30
- 1 min read
BVJ/အေတီ _ ဧပြီ ၂၇ ၊ ၂၀၂၅

မနေ့က ကျင်းပခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဂူသွင်းမြုပ်နှံတဲ့စျာပနကို လူလေးသိန်းကျော် တက်ရောက်ဂ ဂါဝရပြုခဲ့ပါတယ်။ စျာပနအခမ်းအနားတက်ရောက်တဲ့သူတွေထဲမှာ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေ၊ ကမ္ဘာအနှံ့က တော်ဝင်မိသားစုတွေ ပါဝင်တာ တွေ့ရပါတယ်။
စျာပနအခမ်းအနားကို နိုင်ငံပေါင်း ၁၅၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်တဲ့သူတွေထဲမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတမ်မာ၊ ပြင်သစ်သမ္မတ အီမန်နျူရည်မာခရွန်၊ ယူကရိန်းသမ္မတ ဗလာဒီမာ ဇာလန်စကီး၊ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen၊ အီတလီဝန်ကြီး ချုပ် Giorgia Meloni နဲ့ ဗြိတိန်တော်ဝန်မင်းသား ဝီလျံတို့လည်း ပါဝင်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကက်သလစ်သာသနာခေါင်းဆောင်အဖြစ် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၈၈ နှစ် ကွယ်လွန်ချိန်အထိ ၁၂ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။







Comments