top of page

ပေါ်တာဆွဲခံပြီး အတင်းအဓမ္မ စစ်မှုထမ်းသွတ်သွင်းခံရတဲ့ စစ်ကောင်စီတပ် သား နှစ်ဦး KNDF ထံ အလင်းဝင်လာ

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

BVJ/ဇော်_ဧပြီ ၂၃၊ ၂၀၂၅

ree

စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ သွတ်သွင်းခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး ရှေ့တန်းကနေ လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဒီနေ့ ဧပြီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


သူတို့နှစ်ဦး ဧပြီလ (၂၀) ရက်နေ့က MA-1 တစ်လက်၊ MA-2 တစ်လက် နဲ့အတူ ရှေ့တန်းစစ်မြေပြင်ကနေ KNDF တပ်ဖွဲ့ထံထွက်ပြေးခိုလှုံလာခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက သူတို့နှစ်ဦးကို ပေါ်တာဆွဲပြီး စစ်မှုထမ်း အပတ်စဉ် မှာ စစ်သင်တန်းပေးပြီး ခလရ (၉) တပ်ရင်းကတဆင့် ဒီမော့ဆိုမြို့နယ် ရှေ့တန်းစစ်မြေပြင် ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။


အလင်းဝင်တပ်သား (၂) ဦးကို KNDFက ဆုကြေးငွေပေးအပ်ပြီး ကောင်းမွန်လုံခြုံစွာထားပေးထားတယ်လို့ သိရှိရပြီး အတင်းအကြပ်ခေါ်ဆောင်ခံရတဲ့ သူတွေအနေဖြင့်လည်း နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်ကြဖို့လည်း KNDF က တိုက်တွန်းထားပါသေးတယ်။


ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ (၁၀) ရက်ကစတင်ကာ စစ်မှုထမ်းဥပဒေအာဏာတည်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နိုင်ငံအနှံ့ ဧည့်စာရင်းစစ်ဖမ်းဆီးမှုတွေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေရှိနေပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေတာဖြစ်ပါတယ်။


စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုဟာ အခုဆိုရင် အပတ်စဉ် (၁၂) ထိ ရောက်ရှိလာပါပြီ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page