top of page

ပြည်သူတွေအပေါ်မှာ ရိုးသားကြဖို့ NUGအစိုးရအဖွဲ့ကို ယာယီသမ္မတမှာကြား

  • Writer: BVJ
    BVJ
  • Feb 27
  • 1 min read

BVJ/ယူဂရင်း_ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅


NUG ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်၊ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် (ဓါတ်ပုံ-Tin Tun Naing FB)
NUG ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်၊ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် (ဓါတ်ပုံ-Tin Tun Naing FB)

ရန်သူ့အပေါ်မှာ မထောက်မညှာတမ်းတိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGအစိုးရအဖွဲ့ကို ယာယီသမ္မတဒူဝါလရှီးလက မနေ့က ဇန်နဝါရီ ၂၅ရက်က မှာကြားလိုက်ပါတယ်။


“ကျွန်တော်တို့ဟာ ရန်သူ့အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုပါသည်။ ဒါဟာ တော်လှန်ရေးကျင့်ဝတ်ဖြစ်သလို၊ ကျွန်တော်တို့ ခံယူရမယ့် သဘောထားလို့လည်း ထင်ပါသည်။ ကျွန်တော်တို့ အစိုးရအပေါ် ဝေဖန်လာတဲ့ဝေဖန်ချက်တွေကို အလုပ်နဲ့ သက်သေပြပြီး ပြန်လည် ချေပနိုင်စွမ်း ရှိရမယ်လို့ ပြောချင်ပါတယ်”လို့ ယာယီသမ္မတက NUGအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။


ဒါ့အပြင် NUGအစိုးရကိုဝေဖန်နေတာတွေကို အလုပ်နဲ့သက်သေပြချေပပြဖို့ကိုလည်း မှာပါတယ်။


ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ၂၀၂၅ ဟာ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး စတဲ့ကဏ္ဍစုံမှာ တော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ၊ အဖြေကောင်းတွေထွက်အောင် အစွမ်းကုန်ရုန်းကန်ကြရမယ့်နှစ်ဖြစ်တယ်လို့ပြောခဲ့တာနဲ့အညီ အစိုးရအဖွဲ့ဝင်တွေအားလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ အလုပ်တွေ ပိုလုပ်ကြရမယ့်နှစ်ဖြစ်တယ်လို့ အစိုးရအဖွဲ့အစည်းအဝေးမှာပြောပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page