ပြည်တော်ဝင်စစ်ဆင်ရေးအတွက် ကျောက်ဆည် PDF ဆင်တပ်နဲ့ စစ်ချီလာ
- BVJ

- Jan 21
- 1 min read
BVJ/ယူဂရင်း_ ဇန်နဝါရီ ၂၁၊ ၂၀၂၅

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်တပ်ရင်း-၃ ရဲဘော်တွေဟာ ဆင်တပ်နဲ့ စစ်ချီတက်လာတဲ့ ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ဇန်နဝါရီ ၂၁ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
အဲ့ဒီရုပ်သံထဲမှာ ဆင်ကြီးတွေနဲ့အတူ ဆင်သားပေါက်လေးတွေလည်း ပါဝင်ပြီး ဆင်တွေပေါ်မှာ PDFအလံကို လွှင့်ထူထားတာကို တွေ့ရပါတယ်။
သမိုင်းဝင်ဒေသကို ပြည်တော်ဝင်ဖို့အတွက် ဆင်တပ်၊ဗိုလ်ပါအခြံအရံတွေနဲ့ တောတောင်မြစ်ချောင်းကို ဖြတ်ကျော်ချီတက်လာကြောင်းကို ကျောက်ဆည်ခရိုင်တပ်ရင်း-၃က ပြောထားပါတယ်။
“ပင်းယခေတ်၊ ငါးစီးရှင်ကျော်စွာ ရေးသားထားတဲ့ ''မြင်စိုင်းရွှေပြည်'' ကာချင်းနဲ့အတူ သမိုင်းဝင် အထင်ကရ မြင်စိုင်းရွှေပြည် တည်ရှိရာဒေသဖြစ်တဲ့ ဆင်သမိုင်း နဲ့ကျော်ကြားတဲ့မြို့ကို ပြည်တော်ဝင်ဖို့ ကျွန်တော်တို့ရဲ့ ကျောက်ဆည်ခရိုင်၊ တပ်ရင်း (၃) ဟာ ဆင်တပ်၊ ဗိုလ်ပါအခြံအရံပေါင်းများစွာနဲ့ တောတောင်အထပ်ထပ်၊ မြစ်ချောင်းအသွယ်သွယ်၊ အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ပြီး ချီတက်လို့လာနေပါပြီ”
ပြည်တော်ဝင်စစ်ဆင်ရေး အမြန်ဆုံးအောင်မြင်နိုင်ရေးအတွက် ပြည်သူတွေဝိုင်းဝန်းကူညီကြဖို့ကိုလည်း ကျောက်ဆည်ခရိုင်တပ်ရင်း-၃က တိုက်တွန်းထားပါသေးတယ်။



























Comments