top of page

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်နေရာ ဗုံးကြဲတိုက်ခိုက်ခံရ

  • Writer: Zayar Oo
    Zayar Oo
  • Jan 1
  • 1 min read

BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၃၁ ၊ ၂၀၂၄

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဌာနချုပ်ဝင်းအတွင်း ဆေးခန်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့စဉ် (Photo: PNLA)
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဌာနချုပ်ဝင်းအတွင်း ဆေးခန်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့စဉ် (Photo: PNLA)

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမက်ရွာက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ရဲ့ ဌာနချုပ်နေရာကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ PNLA သတင်းပြန်ကြားရေးက ထုတ်ပြန်လာပါတယ်။


မောက်မယ်မြို့နယ် ဒေသတွင်း တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဌာနချုပ်ဝင်းအတွင်းမှာရှိတဲ့ ဆေးခန်းအဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု ရှိ မရှိ အခြေအနေနဲ့ပတ်သက်ပြီး PNLA သတင်းပြန်ကြားရေးတာဝန်ခံကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း ဆီဆိုင်မြို့နယ် နောင်ရေးကျေးရွာက ဒေသခံပြည်သူ ၃ ဦး ပြောင်းခြံမှာ ပြောင်းချိုးနေချိန် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။


PNLO/PNLA တပ်ဖွဲ့ဟာ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO/PNA အဖွဲ့ကို ခုခံတော်လှန်တိုက်ခိုက်နေတာဖြစ်သလို ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page