top of page

ပအဖတာဝန်ခံ ဦးမဲခေါင်အပါအဝင်သုံးဦးကို ဖမ်းဆီးပြီး အမှုစစ်ဆေးနေဟု NUGပြော

  • Writer: BVJ
    BVJ
  • Mar 4
  • 1 min read

BVJ/မိုနာ_ မတ် ၄၊ ၂၀၂၅


NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်
NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ လိင်အကြမ်းဖက်မှုကျူးလွန်ကြောင်း စွပ်စွဲခံထားရသူ ကန့်ဘလူမြို့နယ်နဲ့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖတာဝန်ခံဦးမဲခေါင်(ခ)ဦးမြင့်ဇော်ဦး၊ ဦးရဲရင့်နဲ့ ဦးအောင်ဇေယျတို့ကို ဖမ်းဆီး ထိန်းသိမ်းပြီး အမှုစတင်စစ်ဆေးနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။


“ဦးမဲခေါင်(ခ)ဦးမြင့်ဇော်ဦးဟာ ဖေ‌ဖော်ဝါရီ ၂၆ရက်နေ့မှာပဲ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံ ကိုယ်တိုင်လာရောက်ဖမ်းဆီးခံခဲ့ပြီးဖြစ်ပါတယ်။ အခြားစွပ်စွဲခံရသူတွေဖြစ်တဲ့ ဦးရဲရင့်နဲ့ ဦးအောင်ဇေယျတို့ကိုလည်း ထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ ဒီသုံးဦးကို ချုပ်ရက်ရမန်ယူပြီး အမှုကိုစတင်စစ်ဆေးနေပြီဖြစ်ပါတယ်” လို့ ဒီနေ့ မတ် ၄ရက်နေ့က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်မှာ ထည့်သွင်းပြောခဲ့တာပါ။


ဦးမဲခေါင်(ခ)ဦးမြင့်ဇော်ဦးဟာ ၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲ ကန့်ဘလူမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်တာကြောင့် အမှုကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်တို့ကိုလည်း အသိပေးအကြောင်းကြားထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။


ကန့်ဘလူအချုပ်ဆောင်အတွင်းမှာ ဖမ်းဆီးထားတဲ့ Non CDMကျောင်းသူအပါအဝင် အချုပ်သူသုံးဦးတွေကို ဦးမဲခေါင်တို့သုံးဦးဟာ လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့အတွက် ကာယကံရှင်တွေက တိုင်ကြားခဲ့ပါတယ်။


တိုင်ကြားခံရသူတွေကိုရာထူးကနေ ယာယီရပ်နားပြီး အမှုကိုစစ်ဆေးနေပြီလို့ NUGက ပြီးခဲ့တဲ့လ ‌ဖေဖော်ဝါရီ ၁၈ရက်မှာ ထုတ်ဖော်ပြောဆိုပြီးနောက်ပိုင်းမှာ တိုင်ကြားခံရသူတွေဟာ ထွက်ပြေးသွားပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။


ထွက်ပြေးပြီးနောက် ရက်ပိုင်းမှာ ဦးမဲခေါင်ဟာ တန့်ဆည်ပလဖအဖွဲ့ဆီမှာ လာအဖမ်းခံခဲ့တာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page