top of page

ပဋိပက္ခတွေကြား အမျိုးသမီးသေဆုံးမှုတိုးလာ

  • Writer: BVJ
    BVJ
  • Jan 21
  • 1 min read

BVJ/မိုနာ_ ဇန်နဝါရီ ၂၀၊ ၂၀၂၅

၂၀၂၁ ဖေဖော်ဝါရီ ၉ရက်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွင် စစ်ကောင်စီရဲအရာရှိတစ်ဦးက ပစ်ခတ်လိုက်တာကြောင့် ပထမဆုံး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ရသူ မမြသွဲ့သွဲ့ခိုင် (ဓါတ်ပုံ-AFP)
၂၀၂၁ ဖေဖော်ဝါရီ ၉ရက်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွင် စစ်ကောင်စီရဲအရာရှိတစ်ဦးက ပစ်ခတ်လိုက်တာကြောင့် ပထမဆုံး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ရသူ မမြသွဲ့သွဲ့ခိုင် (ဓါတ်ပုံ-AFP)

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်တစ်နှစ်အတွင်းမှာ အမျိုးသမီး (၄၇၈)ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံအတွင်းအမျိုးသမီးအရေးနဲ့ပတ်သက်ပြီး လေ့လာစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ-BWUက ဒီနေ့ ဇန်နဝါရီ ၂၀ ရက်မှာထုတ်ပြန်ပါတယ်။


သေဆုံးရတဲ့အကြောင်းရင်းတွေဟာ စစ်အုပ်စုက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာ၊ ပြည်သူ့နေအိမ်တွေကို လက်နက်ကြီးနဲ့ပစ်မှတ်ထားပစ်ခတ်တာ၊မတရားသတ်ဖြတ်တာ၊ မြေမြုပ်မိုင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ စတဲ့အကြောင်းရင်းတွေအပြင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA က သေဒဏ်ပေးလို့ သေဆုံးခဲ့ရသူ အမျိုးသမီး(၁)ဦးတို့ ပါဝင်ပါတယ်။


အရင်နှစ်ထက်တိုးလာတာကိုတွေ့ရတယ်။ အရင်၂၀၂၃ခုနှစ်က အမျိုးသမီးသေဆုံးမှုဟာ (၃၉၀)ဦး အရေအတွက်ရှိခဲ့တာကြောင့် ၂၀၂၄ခုနှစ်မှာ အရင်ထက်သေဆုံးမှုဦးရေတိုးလာတာကိုတွေ့ရပြီး ဒီသေဆုံးမှုတွေဟာ စစ်အုပ်စုမှာတာဝန်အရှိဆုံးဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ-BWU တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်က ပြောပါတယ်။


“ကျမတို့အချက်အလက်အရ ကြည့်မယ်ဆို လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုနှုန်းတွေမြင့်တယ်ဆိုတာကို တွေ့ရတော့ ဒီသေဆုံးမှုတွေမှာ တာဝန်အရှိဆုံးကတော့ အကြမ်းဖက်စစ်အုပ်စုဖြစ်တယ်။ တခြားသောတော်လှန်‌ရေးအစုအဖွဲ့တွေရဲ့ ကျူးလွန်မှုတွေလည်း ခြုံငုံသုံးသပ်ရင်တော့ ပါတယ်ဆိုတဲ့အနေအထားမျိုးကိုတွေ့ရတယ်ပေါ့နော်”လို့ Burma VJကိုပြောပါတယ်။


သေဆုံးမှုတွေအတွင်းမှာ စစ်ကိုင်းတိုင်းက(၁၀၉)ဦးနဲ့ အမျိုးသမီးသေဆုံးမှုအများဆုံးဖြစ်ပြီး ရှမ်းနဲ့ရခိုင်ပြည်နယ်တို့က ဒုတိယနဲ့ တတိယအများဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။


အဲ့ဒီသေဆုံးမှုတွေအပြင် ၂၀၂၄ခုနှစ်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူအမျိုးသမီး (၄၁၂)ဦးရှိခဲ့ပြီး အဲ့ဒီထဲမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၉၁)ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၅၂)ဦး၊ မတရားသတ်ဖြတ်မှုကြောင့် (၁၀)ဦး၊ မြေမြုပ်မိုင်းကြောင့် (၄၂)ဦး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့် (၁၂)ဦးနဲ့ စစ်အုပ်စုရဲ့ အကျဉ်းထောင်တွေအတွင်း နှိပ်စက်မှုတွေကြောင့် (၅)ဦး ပါဝင်ပါတယ်။


BWU အနေနဲ့ အခုထုတ်ပြန်ထားတဲ့အချက်အလက်တွေဟာ တိကျခိုင်လုံတဲ့သတင်းမီဒီယာတွေက သတင်းအချက်အလက်တွေကို စောင့်ကြည့်မှတ်တမ်းတင်တာထားဖြစ်သလို မြေပြင်က အချက်အလက်ကောက်ယူထားတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။


ဒါ့အပြင် မြေပြင်မှာ သတင်းအချက်အလက်စီးဆင်းမှုတွေ စိန်ခေါ်မှုရှိနေတာကြောင့် လက်လှမ်းမီဖို့အခက်အခဲတွေရှိနေတဲ့အတွက် ဒီထပ်ပိုပြီး ကိန်းဂဏန်းတွေကများနိုင်တယ်လို့လည်း BWU က ပြောထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page