နွားထိုးကြီးမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးကို ဖမ်းဆီးရမိ
- BVJ

- Mar 19
- 1 min read
BVJ/အိုင်းရစ် _ မတ် ၁၁ ၊ ၂၀၂၅

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ကျတွင်းဘိုရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂၅ ဦး သေဆုံးခဲ့ကာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ မတ်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာ ရဲစခန်းကနေ အင်အား ၂၀၀ ဝန်းကျင်နဲ့ထွက်လာတဲ့ တပ်မ ၁၀၁ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ကို ကျတွင်းဘိုးရွာအနောက်ဘက်မှာ မြင်းခြံခရိုင် တပ်ရင်း ၄ ၊ ၁၀၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက မတ်လ ၉ ရက်နေ့မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၅ ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီး အောင်ကိုကိုအပါအဝင် ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၄၄ လက်နဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အမှတ် ၁ စစ်ဒေသက ဖော်ပြထားပါတယ်။
ကျတွင်းဘိုးရွာအနီး တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းပစ်ကူ ၂ ကြိမ် လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ကျတွင်းဘိုးရွာတိုက်ပွဲအတွင်း စစ်ကောင်စီထံက လက်နက် (၄၄) လက် (MA-1 (၁၉) လက်၊ MA-2 (၂) လက်၊ MA-3 (၇) လက်၊ MA-5 (၂) လက်၊ MA-11 (၇) လက်၊ MA-12 (၁) လက်၊ G-3 (၂) လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက်)၊ 5.56 ကျည် (၁၂၀၀၀) တောင့်၊ 7.62 ကျည် (၁၀၄၅) တောင့်၊ ၉ မမ ကျည် (၁၉) တောင့်၊ ၆၀ မမ ကျည် (၂၈) လုံး၊ ၈၁ မမ ကျည် (၇) လုံး၊ RPG ကျည်အဖူး (၇) လုံး၊ RPG ပို့ကျည် (၈) တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း (၅) လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ Laptop (၂) လုံး၊ ဆက်သွယ်ရေးစက် (၂) လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။







Comments