နှစ်ပေါင်းငါးဆယ်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNU ပူးပေါင်းတပ်ရရှိ
- BVJ

- Jan 10
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၁၀၊ ၂၀၂၅

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းမှာ နှစ်ပေါင်း(၅၀)နီးပါးကြာတပ်စွဲထားတဲ့ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်ကနေ ထိုးစစ်ဆင်တိုက်ခဲ့ပြီး အခုလ ၅ ရက်မှာ အပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၈)ဦးသေဆုံးပြီး စခန်းအတွင်းကနေ ၈၁မမလက်နက်ကြီး တစ်လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေရရှိခဲ့တယ်လို့ KNU က မနေ့က ဇန်နဝါရီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်းမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့ သိရပါတယ်။
ခူသေစိုးတပ်စခန်းတိုက်ခိုက်မှု စစ်ဆင်ရေးကို တပ်မဟာ (၃) တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။








Comments