top of page

နမခက စစ်ကောင်စီတပ်သား ၄ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်

  • Writer: BVJ
    BVJ
  • Jan 19
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၉ ၊ ၂၀၂၅


ree

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီ အနောက်မြောက်တိုင်း စစ်ဌာနာချုပ် (နမခ) က စစ်ကောင်စီတပ်သား ၅ ဦး စခန်းစွန့်ခွာ ထွက်ပြေးလာပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာတယ်လို့ Union Liberation Front (ULF) က ဒီနေ့ ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်လာပါတယ်။


နမခကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်မှုထမ်းအပတ်စဉ် ၅ အတွက် စစ်သားစုဆောင်းခံခဲ့ရတဲ့သူတွေဖြစ်ပြီး နမခမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူတွေလည်း ဖြစ်ပါတယ်။


အလင်းဝင်ရောက်လာသူ ၅ ဦးဟာ မနေ့ ဇန်နဝါရီ ၁၈ ရက်မှာ ထွက်ပြေးလာတာဖြစ်ပြီး လက်နက်အပြည့်အစုံနဲ့အတူ ULF စစ်ကြောင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်တွေဆီ ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။


စစ်မှုထမ်းစုဆောင်းခံရသူတွေဟာ ရန်ကုန်နဲ့ ဟင်္သာတကနေ ရှမ်းပြည်နယ်ဘက်ကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ ထွက်လာချိန် လမ်းမှာ ဖမ်းဆီးခံရပြီး အဓမ္မ စစ်သားစုဆောင်းခံရတာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရပြီး တပ်မ(၇၇) လက်အောက်ခံ အမှတ် ၁၀၅ ခြေမြန်တပ်ရင်းမှာ စစ်သင်တန်း တက်ခဲ့ရပြီး နမခမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေရတာလည်း ဖြစ်တယ်လို့လည်း ULF စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီ တပ်သားတွေဟာ နမခကနေ ထွက်ပြေးလာချိန် လက်နက်တွေကို လမ်းတဝက်မှာ ဝှက်ထားခဲ့ပြီး အရပ်သားပုံစံနဲ့ ထွက်ပြေးလာချိန် ULF စစ်ကြောင်းက ရဲဘော်တွေနဲ့ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။


ULF စစ်ကြောင်းကို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား လေးဦးကို တစ်ဦး ငွေသား ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ပြီး အလင်းဝင်လာသူ‌တွေကို လွပ်လွတ်လပ်လပ် နေထိုင်ခွင့်ပေးထားပြီး နောက်ပိုင်းမှာ မိသားစု၊ဆွေးမျိုးတွေနဲ့ တွေ့ဆုံဖို့ကိုလည်း လုပ်ဆောင်ပေးသွားမယ်လို့ ULF စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page