“ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်၊ မအလ ၏ရှေ့ခရီးနှင့် တရုတ်နိုင်ငံတော်ရပ်တည်ချက်”
- aung thwin
- May 3
- 2 min read
လင်းယုန်နက်

ဧပြီလ (၃၀) ရက်နေ့ ညပိုင်းကတည်းက လူထုကြား စိမ့်ထွက်နေတဲ့ လူထုမျှော်လင့်တကြီး တောင့် တနေတဲ့ သတင်းကို နောက်ရက် မေလ (၁) ရက် သတင်းထဲမှာ မထင်မရှား ဖော်ပြထားပါတယ်။ လူထုက အစပိုင်းမှာ စိတ်သက်သာရာ ရတော့မလိုလို ဖြစ်ခဲ့တဲ့ ဒီသတင်းဟာ အနှစ်သာရသဘောအရ အပြောင်းအလဲက မဆို စလောက်ပဲ ရှိတာပါ။ “ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့် နေ
အိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်” တဲ့။ဘယ်နေရာရှိမှန်းမ သိတဲ့ သတ်မှတ်နေအိမ်၊ ဘယ်သူမှ တွေ့ခွင့်မရှိတဲ့ အခြေအနေ၊ ဘယ်ရက်က ရိုက်ထားမှန်းမသိရတဲ့ ဓာတ်ပုံ၊ ဒါတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေဟာ အကျဉ်းထောင်ထဲ နေရတာနဲ့ မကွာလှပါဘူးဆိုတာကို ဖော်ပြနေပါတယ်။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ ၊ သမ္မတအတု မအလရဲ့ ရှေ့ခရီးကရော ဘယ်လောက်ဖြောင့်ဖြူးမှာလဲ၊ ဒီမေးခွန်းနှစ်ခုနဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က အတိုင်းအတာတစ်ခု အထိ ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ရပ်တည်ချက်ဟာ မြန်မာ့ပြည်တွင်းရေးအပေါ် သက်ရောက်မှုကြီးမားတယ်ဆိုပေမယ့် ပြည်သူလူထုရဲ့ ရပ်တည်ချက်သာ ပင်မဖြစ်လို့ “အတိုင်းအတာတစ်ခုအထိ” လို့ရည်ညွှန်းထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်၌ ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ အစိုးရတုရဲ့ ထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာပြည်ခရီးစဉ်အပြီးမှာ ထွက်ပေါ်လာတာပါ။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ရွှန်းရွှန်းဝေတဲ့ သံတမန် အသုံးအနှုန်း တွေ ထုံမွမ်းထားတဲ့ ပုံမှန်သတင်းထုတ်ပြန်ချက်တွေကိုပဲ တွေ့ခဲ့ရတာပါ။ လူထုမြင်ကွင်းနော က်ကွယ်က ဆွေးနွေးချက်တွေကို အရိပ်အယောင်တောင် မတွေ့ရပါဘူး။ ဒီတော့ ဒီလိုဆွေးနွေးချက်တွေ ရှိနိုင်ပါ့မလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အမြင်ရှုထောင့်ပေါ် မူတည်ပြီး သဘောထားကွဲလွဲစရာတွေ ရှိနိုင်ပေမယ့် ထူးခြားချက်တစ်ရပ်ကိုတော့ လျစ်လျှူမရှုထားသင့်ပါဘူးလို့ ယူဆပါတယ်။ ဧပြီလ (၃၀) ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် လင်ဂျန်း (Lin Jian) က ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံရဲ့ “မိတ်ဆွေဟောင်းကြီး”လို့ သုံးနှုန်းသွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် တရုတ်နိုင်ငံက အမြဲစောင့်ကြည့်နေပါတယ်လို့ ရှင်းလင်းပြောဆိုသွားပါတယ်။ AFP သတင်းဌာနရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ အခုလိုထည့်သွင်းပြောဆိုသွားတာပါ။
“မိတ်ဆွေဟောင်းကြီး”ဆိုတဲ့ အသုံးအနှုန်းဟာ အပေါ်ယံကြည့်ရင်တော့ မထူးခြားဘူးလို့ ထင်စရာ ရှိပေမယ့် သံတမန်အသုံးအနှုန်းအရကတော့ “တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကို ဖော်ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်၊ တရုတ်နိုင်ငံက အလေးအမြတ်ထားရတဲ့ပုဂ္ဂိုလ်” လို့ ရည်ညွှန်းတာပါ။ ဒီအသုံးအနှုန်းနဲ့ဆက်စပ်ပြီး ပြောခွင့်ရပုဂ္ဂိုလ်လင်ဂျန်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေအပေါ် တရုတ်နိုင်ငံက အမြဲ စောင့်ကြည့်နေပါတယ်”လို့ ဆိုလိုက်တာကတော့ မြန်မာနိုင်ငံရဲ့အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင် ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကို ဖယ်ထုတ်မထားပါဘူးလို့ သွယ်ဝိုက်ပြောဆိုလိုက်တာပါ။ ဧပြီလ (၃၀) ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် လင်ဂျန်း (Lin Jian) က ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံရဲ့ “မိတ်ဆွေဟောင်းကြီး”လို့ သုံးနှုန်းသွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် တရုတ်နိုင်ငံက အမြဲစောင့်ကြည့်နေပါတယ်လို့ ရှင်းလင်းပြောဆိုသွားပါတယ်။ AFP သတင်းဌာနရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ အခုလိုထည့်သွင်းပြောဆိုသွားတာပါ။
“မိတ်ဆွေဟောင်းကြီး”ဆိုတဲ့ အသုံးအနှုန်းဟာ အပေါ်ယံကြည့်ရင်တော့ မထူးခြားဘူးလို့ ထင်စရာ ရှိပေမယ့် သံတမန်အသုံးအနှုန်းအရကတော့ “တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကို ဖော်ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်၊ တရုတ်နိုင်ငံက အလေးအမြတ်ထားရတဲ့ပုဂ္ဂိုလ်” လို့ ရည်ညွှန်းတာပါ။ ဒီအသုံးအနှုန်းနဲ့ဆက်စပ်ပြီး ပြောခွင့်ရပုဂ္ဂိုလ်လင်ဂျန်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေအပေါ် တရုတ်နိုင်ငံက အမြဲ စောင့်ကြည့်နေပါတယ်”လို့ ဆိုလိုက်တာကတော့ မြန်မာနိုင်ငံရဲ့အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင် ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကို ဖယ်ထုတ်မထားပါဘူးလို့ သွယ်ဝိုက်ပြောဆိုလိုက်တာပါ။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ပေါလစ်ဗျူရိုအဖွဲ့ဝင်ဖြစ်သလို တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဝမ်ယိရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး လုံးဝ(လုံးဝ) ရည်ညွှန်း ပြောဆိုခဲ့တာမရှိပါဘူး။ ဧရာဝတီသတင်းဌာနကတော့ ဝမ်ယိက ဒေါ်အောင်ဆန်းစုကြည်နဲ့ လျို့ဝှက် အလွတ်သဘောတွေ့ခဲ့တယ်လို့ ရေးသားထားတာရှိပေမယ့် အတည်ပြုဖို့ကတော့ ခက်ခဲနေဆဲပါ။ ဒီလို လျှို့ဝှက်မြင်ကွင်းပျောက် ကိုင်တွယ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စရပ်နဲ့ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ်က “တရုတ်နိုင်ငံကအလေးအမြတ်ပြုရတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည် အခြေအနေအပေါ် အမြဲစောင့်ကြည့်နေပါတယ်” လို့ ဆိုလိုက်တာဟာ ပေါ့ပေါ့ဆဆစကား ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါနေတယ်ဆိုတာက သေချာပါတယ်။

ဒီဖြစ်ရပ်အပေါ် သမ္မတအတုမအလဦးဆောင်တဲ့ အစိုးရအတုက ဘယ်လိုခံစားရမလဲ။ ရင်ထဲမှာ “နင့်” နေအောင် ခံစားရပေမယ့် မျက်နှာမှာ အပြုံးမပျက်ရတဲ့ အခြေအနေပါ။ မချိတင်ကဲအခြေအနေပေါ့။ ဒူးထောက် ခြေသလုံးဖက် “ခယဝပ်တွား” အားကိုးအားထားပြုနေရတဲ့ တရုတ်နိုင်ငံရဲ့ ဆန္ဒလိုလားချက်မဟုတ်လား။ ဘယ်လွန်ဆန်ဝံ့ပါ့မလဲ။ ဒီတော့ တရုတ်နိုင်ငံရဲ့ ဒီခြေလှမ်းအပေါ် ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။ သမ္မတအတုမလရဲ့ အစိုးရအတုအပေါ် တစ်ဖက်သက် ပုံအောရပ်မှာမဟုတ်ပဲ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကို ရှိစေလိုတယ်၊ မြင်လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ကို လှစ်ဟပြနေတာပါ။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံမြင်တွေ့လိုတဲ့ “တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းနဲ့ နယ်စပ်လုံခြုံရေးတွေ” နဲ့ ပတ်သက်ရင် သမ္မတအတုမအလရဲ့ အစိုးရအတုအပေါ် အားကိုးရုံနဲ့ မဖြစ်နိုင်တော့ဘူးလို့ တရုတ်အစိုးရက ရှုမြင်နေတာကိုလည်း ဖော်ပြနေပါတယ်။
ဒီနေရာမှာ အရေးကြီးတဲ့အချက်က တရုတ်အစိုးရအနေနဲ့ သမ္မတအတုမအလရဲ့ အစိုးရအတုအပေါ် မထောက်ခံတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အတိုင်းအတာတစ်ခုအထိပဲ ထောက်ခံတယ်လို့ ဆိုလိုတာပါ။ အတိုင်းအတာတစ်ခုအထိဆိုတဲ့ နေရာမှာလည်း “မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ပါဝင်ခွင့်ပြုရမယ်” ဆိုတဲ့ “အထိုင်” ကနေ သမ္မတအတုမအလရဲ့ အစိုးရအတုအပေါ် ထောက် ခံမှုပေးမယ်ဆိုတဲ့ သဘောပါ။ ဒီအချက်အပေါ်မှာလည်း ဟုတ်ပါ့မလားလို့ သံသယဝင်၊ မေးခွန်းထုတ်လိုသူတွေ ရှိကြမှာပါ။
"မအလဟာ သူကိုယ်တိုင်ဖန်တီးထားတဲ့ နိုင်ငံရေးဝင်္ကပါထဲမှာ ထွက်ပေါက်မရှိ ပိတ်မိနေပါပြီ"
ရိုးရိုးလေးစဉ်းစားကြည့်ရင် အခြေအနေကို “ရှင်းရှင်းလင်းလင်း၊ ကြည်ကြည်လင်လင်“ မြင်ရမှာပါ။ နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတဲ့နိုင်ငံ၊ လုံခြုံရေးအရ အာမခံချက်မရှိတဲ့နိုင်ငံမှာ ဒေါ်လာဘီလျံနဲ့ချီတဲ့ ရင်းနှီး မြှုပ်နှံမှုတွေကို တရုတ်နိုင်ငံအနေနဲ့ စွန့်စားပြုလုပ်ဖို့ ဆန္ဒရှိပါ့မလား။ ပြုလုပ်’ဝံ့’ပါ့မလား။ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ဘယ်အင်အားစုကိုမှ မြစ်ဆုံဆည် တည်ဆောက်ခွင့် မပြုနိုင်ဘူးဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်ဟာ လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းစီမံကိန်းကြီးတွေ အကောင် အ ထည်ပေါ်ဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာကို ဖော်ပြနေပါတယ်။
နောက်အရေးကြီးတဲ့အချက်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ သဘောထားရပ်တည်ချက်ပါ။ အာဆီယံအဖွဲ့အတွင်းမှာ သမ္မတအတု မအလရဲ့ အစိုးရအတုအပေါ် သဘောထားပျော့ပျောင်းတယ်လို့ ယူဆစရာရှိတဲ့ ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်အပေါ်အခြေခံပြီး ဒီအချက်ကိုဆွေးနွေးလိုပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သမ္မတအတု မအလကို “ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်းမှာ အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်ရဖို့ ကူညီလိုပေမယ့် မြန်မာနိုင်ငံက အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို မလိုက်နာခဲ့ရင် ကူညီဖို့ခက်တယ်” လို့ ပြောခဲ့တာကိုကြည့်ရင် သမ္မတအတု မအလအနေနဲ့ “အာဆီယံဘုံသဘောတူညီချက်ငါးရပ်”ကို လိုက်နာအကောင်အထည်ဖော်ပါမယ်ဆိုတာကို သက်သေမပြနိုင်ရင် အာဆီယံအဖွဲ့ရဲ့ အသိအမှတ်ပြုမှုကို ဘယ်လိုမှမရနိုင်ပါဘူး။ အာဆီယံအဖွဲ့ရဲ့ အသိအမှတ်ပြုမူကိုမရခဲ့ရင် သမ္မတအတု မအလအနေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အသိအမှတ်ပြုမူရဖို့ဆိုတာ “ရွှေပြည်တော်မျှော်လေတိုင်းဝေး”ပါပဲ။ အာဆီယံဘုံသဘောတူညီချက်ငါးရပ်မှာ “အင်အားစု အားလုံးပါဝင်ရေး”က အရေးကြီးတဲ့အချက်ပါ။ တရုတ်အစိုးရက အခုဖော်ပြလိုက်တဲ့သဘောထားနဲ့လည်း တိုက်ဆိုင်တူညီနေပါတယ်။

ပြောလိုတာက ဒီနိုင်ငံရေးအခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဖယ်ရှားလို့ မရနိုင်တော့ပါဘူး။ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ “အတက်”ပဲ ရှိပါတော့တယ်။ သမ္မတအတု မအလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ‘မမြင်လို၊ မတွေ့လို၊ မကြားလို” ဆိုတာက အထူးရှင်းနေစရာမလိုပါဘူး။’မမြင်လို၊ မတွေ့လို၊ မကြားလို” ပေမယ့် ဘယ်လိုမှ ရှောင်ရှားလို့မရတဲ့အတွက် ဘယ်လိုလက်ခံရမလဲဆိုတာဟာ သမ္မတအတု မအလရဲ့ နိုင်ငံရေးအကျပ်အတည်းပါ။ တည့်ပြောရရင် သမ္မတအတု မအလဟာ သူကိုယ်တိုင်ဖန်တီးထားတဲ့ နိုင်ငံရေးဝင်္ကပါထဲမှာ ထွက်ပေါက်မရှိ ပိတ်မိနေပါပြီ။
ပြည်သူလူထုဟာ နှာခေါင်းမြုပ်လုနီးပါးဖြစ်နေတဲ့ စီးပွားရေး အကျပ်အတည်းပင်လယ်ပြင်မှာ နစ်မြုပ် မသွားအောင် မနည်းရုန်းကန်နေရတာပါ။ တိုင်းပြည်ရဲ့ စီးပွားရေးအကျပ်အတည်းကလည်း ဆိုးသထက် ဆိုးလာနေတာပါ။ သမ္မတအတု မအလရဲ့ ‘အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်၊ စိတ်ဓာတ်ခံယူချက်’တွေနဲ့ ဒီအကျပ်အတည်းက ဘယ်လိုမှရုန်းမထွက်နိုင်ဘူးဆိုတာကို ပြည်သူတွေက သဘောပေါက်ပြီးသားပါ။ ကမ္ဘာ့နိုင်ငံအစိုးရတွေကလည်း သိနေကြပါပြီ။ အရေးကြီးတာက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ ကမ္ဘာနိုင်ငံတွေရဲ့ ‘နည်းပညာနဲ့ဘဏ္ဍာရေး’ အရ ကူညီပံ့ပိုးမှု မရခဲ့ရင် ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့လည်း ဒီအချက်ကို မမြင်စရာအကြောင်း မရှိပါဘူး။ အရေးအကြီးဆုံးအချက်ကတော့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ သမ္မတအတု မအလအစိုးရရဲ့ အုပ်ချုပ်မှုကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး (ပိုရှင်းအောင်ပြောရရင်) စစ်အာဏာရှင်အစိုးရရဲ့ အုပ်ချုပ်မှုကို ဘယ်လိုမှ သည်းမခံနိုင်တော့ဘူးဆိုတာ ကို ကမ္ဘာကြီးကသိနေပါပြီ။ တရုတ်အစိုးရကလည်းသိနေပါပြီ။ သမ္မတအတုမအလရဲ့ နေဝင်ချိန်ကို ရောက်ပါတော့မယ်။ ။
လင်းယုန်နက်



Comments