top of page

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

  • Writer: Zayar Oo
    Zayar Oo
  • Dec 22, 2024
  • 1 min read

BVJ/အေတီ _ ဒီဇင်ဘာ ၂၀ ၊ ၂၀၂၄


ပုံစာ၁- ၂၀၁၇ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်တို့ တွေ့ဆုံခဲ့စဉ်က
ပုံစာ၁- ၂၀၁၇ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်တို့ တွေ့ဆုံခဲ့စဉ်က

အာဏာသိမ်းစစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်း ထောင်ချထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။


"အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ်" လို့ စင်ကာပူ နိုင်ငံခြား‌ရေးဝန်ကြီး ဗီဗီယန်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာ Facebook မှာ ဒီနေ့ ရေးသားထားပါတယ်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲမှာ မြန်မာစစ်ကောင်စီကိုယ်စားပြု တက်ရောက်လာတဲ့ ဦးသိန်းဆွေနဲ့တွေ့တဲ့အချိန်မှာ ဗီဗီယမ်က အခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။


ထိုင်း၊ လာအို၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဘန်ကောက်မြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲ တက်ရောက်နေတဲ့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဗီဗီယန်က "ကျွန်တော်တို့ရဲ့ အဓိက အလေးထားမှုက မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ တိုးတက်မှုပါပဲ"လို့ ဗီဗီယန်က သူ့ရဲ့ Facebook Page မှာ ရေးထားပါတယ်။


မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ အနာဂတ်ရင်ဆိုင်နိုင်စွမ်းကို စိန်ခေါ်နေတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ခရစ်ရှနန်က အရင်ကခဲ့ဖူးပါတယ်။


ree

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လေးနှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံက အခြေအနေတွေက ဆိုးရွားလာနေကြောင်း၊ မြန်မာစစ်အာဏာပိုင်တွေ လေးစားလိုက်နာရမယ့် အာဆီယံဘုံ သဘောတူညီမှု ငါးရပ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ရေးသားထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု မရှိမဖြစ်လိုအပ်ကြောင်း ထောက်ပြထားပါတယ်။


စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဟာ မြန်မာနိုင်ငံမှာ ရင်ကြားစေ့ရေးဖြစ်ပေါ်လာဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ပြန်လွှတ်ပေးဖို့ လိုအပ်သလို မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ အနာဂတ်ရင်ဆိုင်နိုင်စွမ်းကို စိန်ခေါ်နေတယ်လို့ မကြာခနပြောခဲ့ဖူးပါတယ်။


လာမယ့်နှစ်မှာ အသက်၈၀ပြည့်တော့မယ့် လူထူခေါင်းဆောင်ဒေါ် အောင် ဆန်းစုကြည်ကို စစ်ကောင်စီက၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနှင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page