ဒူတာတေး ကို ဖိလစ်ပိုင်ပြန်ပို့ပေးဖို့ သူ့ရဲ့ ရှေ့နေအဖွဲ့ တောင်းဆို
- BVJ

- Mar 19
- 1 min read
BVJ/အေတီ _ မတ် ၁၂ ၊ ၂၀၂၅

ဖိလစ်ပိုင် သမ္မဟောင်း ရိုဒီရီဂို ဒူတာတေး ကို အိုင်စီစီတရားရုံးချုပ် အချုပ်ခန်းထဲကနေ ဖိလစ်ပိုင်ကို ပြန်ပို့ ပေးဖို့ ဒူတာတေးရဲ့ ရှေ့နေအဖွဲ့က တောင်းဆိုနေပါတယ်။သူ့အဖေ အဖမ်းခံရတာ နဲ့ပတ်သက် ပြီး ဖိလစ်ပိုင်အစိုးရကို အပြစ်တင်ထားတဲ့ ဒူတာတေးရဲ့သမီးငယ်ကလည်း သူ့အဖေကို ဖိလစ်ပိုင် ပြန်ပို့ပေးဖို့ တောင်းဆိုထားပါတယ်။
ဒူတာတေးရဲ့ ရှေ့နေအဖွဲ့က ဒူတာတေး ကို ဖိလစ်ပိုင် ပြန်ပို့ပေးဖို့ စုပေါင်းလက်မှတ်ထိုးထားတဲ့ စာ တစ်စောင် ဖိလစ်ပိုင်တရားရုံးချုပ်ထံ တင်ပြထားတယ်လို့ သိရပါတယ်။
ရိုဒရီဂိုဒူတာတေးဟာ မူးယစ်ဆေးဝါး နှိမ်နင်း ဖြိုခွင်းမှုတွေနဲ့ ဆက်စပ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝဝတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိုင်စီစီတရားရုံးက ဖမ်းဝရမ်းထုတ် ဖမ်းဆီးခံခဲ့ရ တာဖြစ်ပါတယ်။ ပြီးတော့ သူဟာ ဖမ်းဆီးခံရပြီး နိုင်ငံတကာတရားရုံး အိုင်စီစီပို့ တရားစွဲခံရတဲ့ အာရှတိုက်က ပထမဆုံး အစိုးရအဖွဲ့ ခေါင်းဆောင်ဟောင်းလဲဖြစ်ပါတယ်။ ဒူတာတေးကို အင်္ဂါနေ့ညက ဖိလစ်ပိုင်နိုင်ငံ မနီလာလေဆိပ်မှာ ဖမ်းပြီး အိုင်စီစီတရားရုံး ရှိရာ , နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ကို လေယာဉ်နဲ့ ပို့လိုက်ပြီဖြစ်ပါတယ်။ ဒူတာတေးဦးဆောင်ခဲ့တဲ့ ဖိလစ်ပိုင်က “မူးယစ်ဆေးဝါးစစ်ပွဲ” မှာ လူပေါင်း ၃၀၀၀၀ ပတ်ဝန်းကျင် သေဆုံးခဲ့တယ်လို့ တက် ကြွလှုပ်ရှားသူတွေက ထောက်ပြထားပါတယ်။
ဒူတာတေးကို ဖိလစ်ပိုင်ပြန်ပို့ဖို့ လက်မှတ်ထိုးတောင်းဆိုထားတဲ့ လှုပ်ရှားမှုကို ဒူတာတေးရဲ့ အငယ် ဆုံးသမီး ဗယ်ရိုနီကာ ဒူတာတေးကိုယ်စား ရှေ့နေအဖွဲ့က ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒူတာတေးကို တင်ဆောင်သွားတဲ့ အထူးလေယာဥ်ဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ဒေသစံတော်ချိန် မနက်၁၁နာရီခန့်က ဆိုက်ရောက်သွားတယ်လို့ ခန့်မှန်းရပါတယ်။ ဒူတာတေးရဲ့ သမီးကြီး ဖိလစ်ပိုင်ဒုသမ္မတ ဆာရာဒူတာတေးဟာလဲ တရားရုံးမှာ သူ့အဖေကို ကူညီဖို့ ဒီနေ့ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက အမ်စတာဒမ်မြို့ကို ထွက်ခွာသွားပြီလို့ သိရပါတယ်။
ဒူတာတေးအဖမ်းခံရပြီး နိုင်ငံတကာတရားရုံး ပို့ခံရတဲ့ကိစ္စဟာ သမိုင်းဝင်ကိစ္စတစ်ခုဖြစ်ပြီး ဒီကိစ္စဟာ ဖိလစ်ပိုင်နိုင်ငံ သမိုင်းမှာတင်မက အရှေ့တောင်အာရှနဲ့ အာရှမှာ ထူးခြားတဲ့ကိစ္စဖြစ်တဲ့ အကြောင်း Human Rights Watch ၏ အာရှဌာနခွဲ အကြီးတန်း သုတေသီ Carlos Conde က ပြောပါတယ်။
ဒူးတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုစစ်ပွဲအတွင်း အသက်ပေးခဲ့ရသူတွေရဲ့ မိသားစုဝ င်တွေကတော့ ဒူတာတေး အိုင်စီစီတရားရုံးတင်ခံရတာကို သဘောကျ လက်ခံနေကြမှာသေချာပါတယ်။ အဲ့လိုမဖြစ်လာရင် ဖိလစ်ပိုင်ပြည်တွင်းမှာ ဒူတာတေးကို ပြန်တရားစွဲဖို့ကိစ္စက လက်တွေ့ဖြစ်လာနိုင်ဖို့ မလွယ်ကူပါဘူး။
လက်ရှိအချိန်မှာ ဒူတာတေးကို အိုင်စီစီ တရားရုံး အချုပ်ခန်းထဲမှာ ထိန်းသိမ်းထားပြီး အဲ့တရားရုံးတင် စတင်ကြားနာဖို့ ကိစ္စဆက်လုပ်သွားမယ်လို့ အိုင်စီစီ ပြောရေးဆိုခွင့် သူတစ်ဦးက အတည်ပြုပါတယ်။ ဒါပေမယ့် ဒူတာတေးကို အိုင်စီစီတရားရုံးက အချိန် ဘယ်လောက်ကြာကြာ ရုံးတင်စစ်ဆေးမလဲဆိုတာ အတိအကျမသိရသေးပေမယ့် တက်ကြွလှုပ်ရှားသူတွေက ရုံးတင် တရားစွဲတဲ့လုပ်ငန်းစဥ် အမြန်ဖြစ်အောင်လုပ်ဖို့ တိုက်တွန်းနေကြ ပါတယ်။
ဒူတာတေးရဲ့ မူးယစ်ဆေးဝါး စစ်ပွဲအတွင်း အသတ်ခံရတဲ့သူတွေရဲ့ မိသားစုဝင်တွေဘက်က ရှေ့နေလိုက်ပေးနေတဲ့ The National Union of People's Lawyers (NUPL) ဖိလစ်ပိုင် လူ့အခွင့်အရေးရှေ့နေအဖွဲ့က ရှေ့နေတွေက ဒူတာတေးကို အိုင်စီစီတရားရုံးမှာ ရုံးတင် တရားစွဲတဲ့ကိစ္စကို အောင်ပွဲခံ ကြိုဆိုနေကြပါတယ်။ ဒူတာတေးအဖမ်းခံရတဲ့ ကိစ္စဟာ ဖိလစ်ပိုင် လူ့အခွင်းအရေးရှေ့နေအဖွဲ့က ရှေ့နေတွေနဲ့ ဒူတာတေး ရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုစစ်ပွဲမှာ အသတ်ခံရတဲ့ ကာယကံရှင် မိသားစုတွေအတွက်တော့ အောင်ပွဲခံ စရာကိစ္စတစ်ခုဖြစ်နေပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၉ခုနှစ်ကတည်းက အိုင်စီစီအဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက် ထားပြီး ဖြစ်တဲ့အတွက် ဒူတာတေးကို အိုင်စီစီက တရားစီရင်ခွင့်မရှိဘူးလို့ ဒူတာတေးထော က်ခံတဲ့သူ တွေဘက်က ကန့်ကွက်နေကြပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံ အိုင်စီစီက မထွက်ခင် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တရားစီရင်ခွင့်ရှိတယ်လို့ အိုင်စီစီဘက်က တုန့်ပြန် ထား ပါတယ်။
ဒူတာတေးကို ဖမ်းဆီးခဲ့တဲ့ ကိစ္စမှာ သူတို့ဘာမှမကူညီခဲ့ပဲ၊ ဒီဖမ်းဆီးမှုကို အိုင်စီစီ တရားရုံးနဲ့ အင်တာပိုလ်ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ပူးပေါင်း လုပ်ဆောင်သွားတာဖြစ်တယ်လို့ ဒူတာတေးကို နယ်သာလန်နိုင်ငံ လေယာဥ်နဲ့ခေါ်သွားပြီးနောက် အင်္ဂါနေ့ညပိုင်းမှာ ဖိလစ်ပိုင် သမ္မတဖာဒီ နန်မားကို့စ်က မီဒီယာတွေကို ပြောပါတယ်။







Comments