top of page

ထိုင်းရဲတပ်ဖွဲ့ စမ်းသပ်လေယာဉ်ပျက်ကျပြီး လေယာဉ်မောင်းနှစ်ဦးအပါအဝင် ငါးဦးသေဆုံး

  • Writer: BVJ
    BVJ
  • Apr 25
  • 1 min read

BVJ/Moore _ ဧပြီ ၂၅ ၊ ၂၀၂၅


ree

ထိုင်းနိုင်ငံ ဖတ်ချာဘူရီပြည်နယ် Hua Hin လေဆိပ်အနီး ပင်လယ်ပြင်ထဲကို ထိုင်းရဲတပ်ဖွဲ့ လေယာဉ်ငယ်တစ်စီး ဒီနေ့မနက်ပိုင်းမှာ ပျက်ကျခဲ့တာကြောင့် ၅ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။


ဒီနေ့ ဧပြီ ၂၅ ရက် မနက် ၈ နာရီ ၁၅ မိနစ်မှာ ဖတ်ချာဘူရီပြည်နယ် ချာအမ်ခရိုင် ကမ်းခြေအနီးကို ထိုင်းရဲတပ်ဖွဲ့တွေ စီးနင်းတဲ့ လေယာဉ်ငယ် ပျက်ကျခဲ့ကြောင်း ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကလည်း သတင်းပေးပို့မှုရရှိခဲ့တယ်လို့ ဆိုပါတယ်။


ချာအမ်ပင်လယ်ကမ်းခြေဟာ Hua Hin လေဆိပ်အနီးမှာရှိပြီး ထိုင်းရဲတပ်ဖွဲ့ လေယာဉ်ငယ်ဟာ Baby Grande Hua Hin ဟိုတယ်ရှေ့ မလှမ်းမကမ်းမှာ ပျက်ကျခဲ့တာလည်းဖြစ်ပါတယ်။ လေယာဉ်ငယ်ပေါ်မှာ လေယာဉ်မောင်း ၃ ဦး၊ စက်ပြင်ဆရာ ၂ ဦးနဲ့ လေယာဉ်အင်ဂျင်နီယာတစ်ဦးတို့လည်း ပါဝင်တယ်လို့လည်း သိရပါတယ်။


ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲမှူးကြီး Archayon Kraithong ရဲ့ ပြောကြားမှုအရ ပျက်ကျခဲ့တဲ့လေယာဉ်ငယ်ဟာ လေထီးခုန်သင်တန်း လုပ်ဆောင်ဖို့အတွက် စမ်းသပ်ပျံသန်းနေစဉ် ပျက်ကျခဲ့တာလည်းဖြစ်တယ်လို ဆိုပါတယ်။ ထိုင်းရဲချုပ် Kittharath Punpetch ကလည်း လေယာဉ်ပျက်ကျတဲ့နေရာ သွားရောက်စစ်ဆေးခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တဲ့ လေယာဉ်မောင်းတစ်ဦးကိုလည်း သွားကြည့်ခဲ့ပါသေးတယ်။


လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူတွေထဲမှာ လေယာဉ်မောင်း ၂ ဦး၊ အင်ဂျင်နီယာတစ်ဦးနဲ့ စက်ပြင်ဆရာတို့ပါဝင်ခဲ့ပြီး လေယာဉ်ပျက်ကျခဲ့တဲ့ဖြစ်စဉ်အခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page