ထိုင်းနဲ့ မလေးရှားက မြန်မာတွေ အတင်းအကျပ် ပြန်မပို့ဖို့ ယူကေရောက် မြန်မာတွေတောင်းဆို
- BVJ

- Mar 8
- 1 min read
BVJ/အေတီ _ မတ် ၄ ၊ ၂၀၂၅

ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မြန်မာပြည်ဘက် ဆက်တိုက်ပြန်ပို့နေတဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲတစ်ခု လန်ဒန်မြို့ရှိ ထိုင်းနဲ့ မလေးရှားသံရုံးတွေရှေ့မှာပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲကို SMFC အဖွဲ့က ဦးဆောင်ကျင်းပခဲ့ပြီး လူတစ်ရာနီးပါးခန့် လာရောက် ပူးပေါင်းခဲ့တာ တွေ့ရပါတယ်။ ယခုလို ထိုင်းနဲ့မလေးရှားက မြန်မရွှေ့ပြောင်းလုပ်သားတွေကို မြန်မာဘက်အချမ်း ပြန်ပို့နေတဲ့ကိစ္စဟာ အာဏာသိမ်းစစ်ကောင်စီအတွက် စစ်သားစုဆောင်းမှု ကူလုပ်ပေးသလို ဖြစ်နေတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ SMFC အဖွဲ့က မဂျူလီခိုင်ကပြောပါတယ်။
အခုလိုစစ်ကောင်စီက မြန်မာပြည်တွင်းမှာ အတင်းအဓမ္မစစ်သားစုဆောင်းနေချိန်မှာ ရွှေ့ပြောင်းလုပ်သားတွေကို မြန်မာပြည်ဘက်ပြန်မပို့ဖို့ တိုက်တွန်းထားတဲ့စာကို ထိုင်းသံရုံးနဲ့ မလေးရှားသံရုံးကလူတွေက လက်ခံယူသွားတယ်လို့ သိရပါတယ်။
လက်တွေ့မှာလည်း ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ မြန်မာပြည်ဘက်အချမ်း ပြန်ပို့ခံရတဲ့သူတွေကို အတင်းအဓမ္မစစ်မှုထမ်းထဲသွတ်သွင်းနေတာတွေလုပ်နေတာရှိပါတယ်။ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာနိုင်ငံသား တစ်ရာကို ၂၀၂၄ခုနှစ်ဧပြီလမှာ ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။ ကော့သောင်းမြို့ကို ပို့လိုက်တဲ့ လူငယ်တစ် ရာဝန်းကျင် ကို စစ်ကောင်စီက စစ်သားစုဆောင်းရေး စခန်းတစ်ခါထဲ ပို့လိုက်တယ်လို့ ပို့ခံရတဲ့သူတွေ ထဲမှာပါတဲ့ ကိုအောင်ဆက်ပိုင် အတည်ပြုထားပါတယ်။







Comments