တိုက်ပွဲ သုံးရာကျော်အတွင်း CDFဟားခါးရဲဘော် ၅၂ ဦး ကျဆုံးခဲ့
- BVJ

- Mar 23
- 1 min read
BVJ/ဇော်_မတ် ၂၁၊ ၂၀၂၅

တပ်ဖွဲ့တည်ထောင်ချိန်ကနေစပြီး လက်ရှိလေးနှစ်တာကာလအတွင်းမှာ တိုက်ပွဲတွေဆင်နွှဲရင်း ရဲဘော်(၅၂)ဦး ကျဆုံးခဲ့ရတယ်လို့ Chin Defence Force – Hakha က ဒီနေ့ မတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဟားခါးတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လေးနှစ်အတွင်း တိုက်ပွဲပေါင်း (၃၂၆)ကြိမ် ပါဝင်ခဲ့ပြီးတဲ့နောက် ရဲဘော် အယောက် ၅၀ ကျော်ကျဆုံးခဲ့ရသလို ရဲဘော်(၁၈၃)ဦး လည်းထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
ရဲဘော်တွေကျဆုံးတာ၊ CDF – Hakhaရဲ့ လေးနှစ်တာအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး တပ်ဖွဲ့ တာဝန်ရှိသူတွေကို Burma VJ က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
CDF-Hakha တပ်ဖွဲ့က ဟားခါးမြို့တွင်းက စခန်းနဲ့ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးတွေကို (၁၂) ကြိမ်ပါဝင်တိုက်ခိုက်ခဲ့ပြီး ဟားခါးမြို့နယ်အတွင်းမှာ အာဏာသိမ်းကာလ လေးနှစ်တာအတွင်း စစ်ကောင်စီတပ်ကြောင့် ပြည်သူ (၂၃) ဦးသေဆုံးခဲ့ပြီး နေအိမ်(၂၆၀) ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့လည်း CDF – Hakha ရဲ့ ထုတ်ပြန်အရ သိရပါတယ်။







Comments