top of page

တအာင်းထိန်းချုပ်ဒေသတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေ

  • Writer: BVJ
    BVJ
  • Apr 18
  • 1 min read

BVJ/ဇော်_ဧပြီ ၆၊ ၂၀၂၅

ree

အပစ်ရပ်ကြေညာပြီးနောက်ပိုင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်းတို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။


ငလျင်ကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့ စစ်ကောင်စီက ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ (၂၁ ရက်ကြာ) တစ်နိုင်ငံလုံး အပစ်ရပ်မယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ဧပြီ ၃ ရက်နေ့မှာ သပိတ်ကျင်းမြို့နယ် ၇ မိုင်နေရာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။


မနေ့ ဧပြီ ၅ ရက်လည်း တအာင်းထိန်းချုပ်ဒေသ နောင်ချိုမြို့နယ် နောင်လင်းရွာ၊ နမ့်ဆောင်ဟူးရွာနဲ့ မိုးကုတ်မြို့နယ် ပင့်ကူတောင်ဘက်ခြမ်းတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


နောင်ချိုမြို့နယ် ကျေးရွာတွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။


အင်အားပြင်းငလျင်လှုပ်ခတ်ပြီးချိန် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ခုခံကာကွယ်မှုကလွဲပြီး တစ်လကြာ အပစ်ရပ်စဲကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ဧပြီ ၁ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။


မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးချိန်ကစပြီး မနေ့ ဧပြီ ၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အကြိမ် ၉၀ ထက်မနည်းရှိခဲ့ပြီး ထိခိုက်သေဆုံးသူ ၅၀ ထက်မနည်းရှိခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page