top of page

စွမ်းဆောင်ရည်ပိုကောင်းတဲ့ Su-30SME ရုရှားဂျက်ဖိုက်တာလေယာဉ်ခြောက်စင်း စစ်ကောင်စီထံ ရောက်နေ

  • Writer: Zayar Oo
    Zayar Oo
  • Jan 7
  • 1 min read

BVJ/Moore _ ဇန်နဝါရီ ၇ ၊ ၂၀၂၅

ပုံစာ - ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်တဲ့ ၇၇ နှစ်မြောက် လေတပ်နှစ်ပတ်လည်အခမ်းအနားမှာ ပြသထားတဲ့ Su 30SME ဂျက်ဖိုက်တာလေယာဉ် ၂ စင်း (Photo: CINCDS)
ပုံစာ - ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်တဲ့ ၇၇ နှစ်မြောက် လေတပ်နှစ်ပတ်လည်အခမ်းအနားမှာ ပြသထားတဲ့ Su 30SME ဂျက်ဖိုက်တာလေယာဉ် ၂ စင်း (Photo: CINCDS)

ရရှားနိုင်ငံကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား ဂျက်ဖိုက်တာလေယာဉ် (၆)စင်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီဆီ အပြီးသတ်ပို့ဆောင်ပြီးဖြစ်တယ်လို့ ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြပေးနေတဲ့ Army Recognition (Defense News Security News Army Recognition) က မနေ့က ဇန်နဝါရီ ၆ ရက်မှာ ဖော်ပြပါတယ်။


Su 30SME ဂျက်ဖိုက်တာလေယာဉ် (၆)စင်း ဝယ်ယူဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဒေါ်လာသန်း ၄၀၀ တန်ဖိုးရှိတဲ့ နှစ်နိုင်ငံစာချုပ် သဘောတူချုပ်ဆိုခဲ့ပြီးနောက် နောက်ဆုံးပို့ဖို့ကျန်တဲ့ ဂျက်ဖိုက်တာလေယာဉ်( ၂) စင်းကို ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်မှာ ပို့ဆောင်ခဲ့တာပါ။ နောက်ဆုံး ရောက်လာတဲ့ တိုက်လေယာဉ် (၂)စင်းကို မန္တလေးတိုင်း မိတ္ထီလာလေတပ်စခန်းမှာပြုလုပ်တဲ့ စစ်ကောင်စီလေတပ် ၇၇ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ စစ်ကောင်စီက ထုတ်ဖော်ပြသခဲ့ပါသေးတယ်။


ရုရှားကနေ မှာယူထားတဲ့ Su 30SME ဂျက်ဖိုက်တာ (၆)စင်းထဲက (၂)စင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ပထမအကြိမ် ပို့ဆောင်ခဲ့ပြီး ၂၀၂၃ ဒီဇင်ဘာမှာ နောက်ထပ် (၂)စင်းထပ်မံ ပို့ဆောင်ခဲ့ကာ ၂၀၂၄ ဒီဇင်ဘာမှာ နောက်ဆုံးပို့ဖို့ ကျန်တဲ့ (၂)စင်းကို ရုရှားကနေ စစ်ကောင်စီဆီပို့ဆောင်ခဲ့တာလို့ သိရပါတယ်။


အခု စစ်ကောင်စီ လက်ခံရရှိခဲ့တဲ့ Su-30SME ဂျက်ဖိုက်တာလေယာဉ်တွေဟာ အရင် တရုတ်နဲ့ ပါကစ္စတန်က ဝယ်ယူထားတဲ့ JF-17 Thunder ဂျက်ဖိုက်တာလေယာဉ်တွေထက် စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ Army Recognition က ဖော်ပြထားပါတယ်။ စစ်ကောင်စီ အသုံးပြုနေတဲ့ Su-30SME နဲ့ MiG 29 ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ပတ်သက်ပြီး ရုရှားစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ပညာရှင်တွေနဲ့ လာရောက်သင်ကြားပို့ချပေးတာတွေရှိနေတယ်လို့ သိရပါတယ်။


လက်ရှိ မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခအတွင်း စစ်ကောင်စီက Su-30SME လေယာဉ်တွေအပြင် JF-17 ၊ Yak-130 ၊ MiG-29 ၊ FTC 2000G ဂျက်ဖိုက်တာလေယာဉ်တို့အပြင် K-8W လေ့ကျင့်ရေးလေယာဉ်၊ Y-8 ၊ Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ်တို့ကိုပါ အသုံးပြုပြီး တိုက်ပွဲတွေအတွင်းမှာ ဗုံးကြဲတိုက်ခိုက် အသုံးပြုနေသလို အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာလည်း အသုံးပြုမှုတွေ ရှိနေပါတယ်။


စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ (၁၆၈၇)ဦး သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော် (၃၁၄)ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ စစ်ရေးပဋိပက္ခကို လေ့လာစောင့်ကြည့်နေတဲ့ BNI-Myanmar Peace Monitorက ထုတ်ပြန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page