top of page

စောချစ်သူနဲ့ BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအာဏာပိုင်ပြင်ဆင်နေ

  • Writer: BVJ
    BVJ
  • Feb 11
  • 1 min read

BVJ/Moore _ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၅


Photo: Myanmar Peace Monitor
Photo: Myanmar Peace Monitor

လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူနဲ့ ပတ်သက်ဆက်နွယ်သူတွေကို ဖမ်းဝရမ်းထုတ်ဖို့အတွက် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာန Matichon က ဖော်ပြထားပါတယ်။


ထိုင်းနိုင်ငံ တရားစီရင်ရေးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ လူကုန်ကူးမှုသံသယနဲ့ တရားဝင် ဖမ်းဝရမ်းထုတ်ဖို့ DSI က ရရှိထားတဲ့ သက်သေအထောက်အထားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ တရားရုံးကို တင်သွင်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ကျားဖြန့်လုပ်ငန်းကနေ ပြန်လည်ကယ်ဆယ်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးဆီကနေ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေလည်း ရရှိထားပြီးဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။




DSI က ဖမ်းဝရမ်းထုတ်မယ့်သူတွေထဲမှာ နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းလဲထားတဲ့ ကရင်အမျိုးသားတပ်မတော် (KNA)ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အဓိကပါဝင်နေပြီး အခြားထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့လည်း ပါဝင်နေပါတယ်။


ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ လူကုန်ကူးမှုတွေကြောင့် တရုတ်အစိုးရကလည်း ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဒေသတွင်းနိုင်ငံတွေကို ဖိအားပေးမှုတွေရှိလာနေချိန် အခုလို BGF ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်လာတာပါ။


မြန်မာနယ်ခြားစောင့်တပ်တွေဖြစ်တဲ့ ကရင်ပြည်နယ်အတွင်းက BGF/KNA နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ကလည်း ဒေသတွင်းမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းသွားမယ်လို့ ထုတ်ပြန်ထားကြပြီး ကျားဖြန့်နဲ့ လူကုန်ကူးမှုကြောင့် နစ်နာခဲ့သူတွေကိုလည်း ပြန်လည်လွှဲပြောင်းပေးအပ်သွားမယ်လို့ ဆိုထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page