top of page

စဉ့်ကူးမြို့နယ် လက်ပံလှရွာလေကြောင်းတိုက်ခိုက်ခံရပြီး ကလေးအပါအဝင် ၂၇ ဦး သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ

  • Writer: BVJ
    BVJ
  • Mar 19
  • 1 min read

BVJ/အိုင်းရစ် _ မတ် ၁၄ ၊ ၂၀၂၅


ree

မန္တလေးတိုင်း စဉ့်ကူမြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ ၂၇ ဦး သေဆုံးခဲ့ပြီး ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY PDF) က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။


ဒီနေ့ မတ်လ ၁၄ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာ လက်ပံလှကျေးရွာ ဈေးဆိုင်တန်းနေရာကို စစ်ကောင်စီက အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ လက်ပံလှကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ၂၇ ဦးထဲတွင် ကလေး ၆ ဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။


လက်ပံလှကျေးရွာကို စစ်ကောင်စီက အခုမတ်လအတွင်း ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာဖြစ်ပြီး မတ်လ ၄ ရက်ကလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပါသေးတယ်။


ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်ကလည်း စဉ့်ကူးမြို့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဆေးရုံဝင်းအတွင်း အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။


မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့ကို MDY PDF က ထိန်းချုပ်ထားပြီး မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ MDY PDF တို့ စစ်ရေးတင်းမာမှုတွေလည်း ရှိနေပါတယ်။


အခု ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၄၀ နီးပါး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page