top of page

စစ်ရှောင် မိန်းကလေးငယ်သုံးဦးကို သတ်ဖြတ်သူကို KIAသေဒဏ်ပေး

  • Writer: BVJ
    BVJ
  • Apr 18
  • 1 min read

BVJ/အိုင်းရစ် _ ဧပြီ ၉ ၊ ၂၀၂၅

Photo: The Kachin Net
Photo: The Kachin Net

ကချင်ပြည်နယ် လိုင်ဇာမြို့နယ် ဂျေယန်စစ်ဘေးရှောင်စခန်းက ကလေးငယ် မိန်းကလေး သုံးဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံ ဦးအုန်းဆောင်ဒွဲအောင်ကို သေဒဏ်ချမှတ်လိုက်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) သတင်းပြန်ကြားရေးဌာန The Kachin Net က မနေ့ ဧပြီ ၈ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။


KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နယ် ဂျေယန်စစ်ဘေးရှောင်စခန်းက အသက် ၁၀ နှစ်အရွယ် မိန်းကလေး နှစ်ဦးနဲ့ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ဖေဖော်ဝါရီ ၂၂ ရက်မှာ မုန်ဆိုင်ယန်ရွာက ဆရာမဖြစ်သူနေအိမ်ကို သွားရောက်ချိန် လမ်းမှာပျောက်ဆုံးခဲ့ပြီးနောက် ငါးရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့ရတာပါ။


ကလေးတွေကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံ ဦးအုန်းအောင်ဒွဲအောင်ကို KIO/KIA က အထူးတရားရုံးဖွဲ့စည်းကာ စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၀၂- ၁(ခ)၊ ၂၀၁၊ ၃၆၄၊ ၃၇၅၊ ၃၇၇၊ ၃၈၆ စတဲ့ ပုဒ်မ ၆ ခုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ပုဒ်မ ၃၆၄ အရ ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၃၇၆ အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀၊ ပုဒ်မ ၃၀၁ (၁ -ခ) အရ မသေမချင်း သေဒဏ်အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။


အဲ့ဒီဖြစ်စဉ်အခြေအနေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။


ပြန်ပေးဆွဲသတ်ဖြတ်မှုကိုခံခဲ့ရတဲ့ မိန်းကလေးငယ်သုံးဦးဟာ ဂျေယန်းစစ်ဘေးရှောင်စခန်းမှာ နေထိုင်ပြီး မူလတန်းတက်ရောက်နေသူတွေလည်း ဖြစ်ပါတယ်။ အသတ်ခံရပြီး သေဆုံးခဲ့သူတွေရဲ့အလောင်းတွေကို KIO/KIA ရဲဌာနနဲ့ ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံထားရတဲ့ အထောက်အထားတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောထားကြောင်း The Kachin Net မှာ ဖော်ပြထားပါတယ်။


ဦးအုန်းဆောင်ဒွဲအောင်ဟာ အရင်ကလည်း KIA တပ်မတော်ထဲမှာ စစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူထုတ်ပယ်ခံခဲ့ရပြီး ကာလရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးတယ်လို့လည်း သိရပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page