top of page

စစ်မှုထမ်းအပါတ်စဉ်တိုင်းအတွက် ကလေးမြို့မှာအဓမ္မဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိနေ

  • Writer: BVJ
    BVJ
  • Feb 10
  • 1 min read

BVJ/ထက်‌အောင် _ ဖေဖော်ဝါရီ ၇ ၊ ၂၀၂၅

ree

စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီအဖွဲ့က အဓမ္မဖမ်းဆီးမှုကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဒေသခံပြည်သူ (၁၉၀) နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦး‌ဆောင်ကော်မတီ (KPSSC)က ထုတ်ပြန်ပါတယ်။


ဖမ်းဆီးခံရသူ (၁၉၀)ဝန်းကျင်ဟာ စစ်မှုထမ်းအပတ်စဉ် ၆ ကနေ ၉ အထိ အဓမ္မ စစ်သားစုဆောင်းခံခဲ့ရတာဖြစ်ပြီး ရှောင်တခင်ဝင်ရောက်ဖမ်းဆီးမှုတွေနဲ့ ဖုန်းတွေကို စစ်ဆေးပြီး မခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ KPSSC က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီရဲ့ ဖမ်းဆီးရသူတွေထဲမှာ အပတ်စဉ် ၆ အတွက် စစ်သားစုဆောင်းခံရသူ (၄၅)ဦးကျော်၊ အပတ်စဉ် ၇ အတွက် စစ်သားစုဆောင်းခံရသူ (၅၀)ကျော်၊ အပတ်စဉ် ၈ အတွက် စစ်သားစုဆောင်းခံရသူ (၃၀)ကျော်နဲ့ အပတ်စဉ် ၉ အတွက် စစ်သားစုဆောင်းခံရသူ (၆၀) ကျော်အထိရှိပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။


"အပတ်စဉ် ၆ ကနေ အခုနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတွေ ပေါ်ပေါ်ထင်ထင် စုဆောင်းလာတာမျိုးတွေ ပိုများလာတယ်" လို့ KPSSC တာဝန်ခံတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။


စစ်မှုထမ်းခေါ်ဆောင်ခံရသူတွေထဲမှာ အပတ်စဉ် ၆ နဲ့ အပတ်စဉ် ၇ က စစ်မှုထမ်းရသူတွေဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ ရောက်ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။


စစ်အင်အားချည့်နဲ့နေတဲ့ စစ်ကောင်စီဟာ စစ်သားစုဆောင်းမှုတွေကို ရန်ကုန်၊မန္တလေးနဲ့ တိုင်းနဲ့ပြည်နယ်အချို့မှာ အမျိုးသမီးတွေအပါအဝင် လူငယ်တွေကို အဓမ္မဖမ်းဆီးနေပြီး အခုနောက်ပိုင်းမှာ နေ့လယ်ပိုင်းတွေမှာတောင် လမ်းမပေါ်မှာ ပေါ်ပေါ်ထင်ထင် ဖမ်းဆီးတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page