top of page

စစ်မှုထမ်းစုဆောင်းခံရသူများ စိတ်အေး‌အေးထား ကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ NUG အကြံပြု

  • Writer: BVJ
    BVJ
  • Feb 5
  • 1 min read

BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၅၊ ၂၀၂၅


စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းအပါတ်စဉ်(၉)သင်တန်းဖွင့်ပွဲကို ၂၀၂၅၊ဇန်နဝါရီ ၂၀ရက်က ပြုလုပ်နေပုံ(ဓါတ်ပုံ-MOI)
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းအပါတ်စဉ်(၉)သင်တန်းဖွင့်ပွဲကို ၂၀၂၅၊ဇန်နဝါရီ ၂၀ရက်က ပြုလုပ်နေပုံ(ဓါတ်ပုံ-MOI)

စစ်ကောင်စီရဲ့စစ်မှုထမ်း အဓမ္မစုဆောင်းခံရသူ အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ စိတ်အေးအေးထားပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုး-NUGရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦး‌ကျော်ဇောက အကြံပြုပြောဆိုပါတယ်။


စစ်ကောင်စီဟာ စစ်မှုထမ်းခေါ်ဖို့အတွက် ဒီတစ်ကြိမ်မှာ အမျိုးသမီးတွေကိုလည်း ထည့်သွင်းလာတာကြောင့် အမျိုးသား၊ အမျိုးသမီးတွေအားလုံး စုဆောင်းမခံရအောင်နည်းလမ်းရှာကြဖို့ မနေ့က ဖေဖော်ဝါရီ ၄ရက်က “ပြည်သူလူထုနဲ့နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း”မှာ ထည့်သွင်းပြောခဲ့တာပါ။


“ရှေ့တန်းရင်ဆိုင်တိုက်ပွဲတွေမှာ စစ်သားလား အဓမ္မစုဆောင်းခံရသူလားဆိုတာလည်း ခွဲနိုင်တဲ့ အခြေအနေမဟုတ်ဘူးဆိုတာ စုဆောင်းခံရမယ့် လူငယ်အမျိုးသား အမျိုးသမီးများအားလုံး သိဖို့ လိုအပ်ပါတယ်။ ကျနော်တို့အကြံပြုချင်တာကတော့ အစုဆောင်းမခံရအောင် နည်းမျိုးစုံသုံးပြီးအတတ်နိုင်ဆုံး ရှောင်ရှားပါ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်ပါ။ ဘယ်လိုမှမရှောင်နိုင်တော့လို့ ပါသွားခဲ့ရင် ရှေ့တန်းစစ်မျက်နှာတွေမတိုင်ခင် ထွက်ပြေးနိုင်တဲ့အခွင့်အရေးရအောင် အထူးကြိုးစားပါ။ အဲလိုမှမဟုတ်ဘဲ ရှေ့တန်းအထိပါသွားခဲ့ရင် အခြေအနေပေးတာနဲ့ လက်နက်ချတာ၊ အလံဖြူထောင်တာ လုပ်နိုင်အောင်ကြိုးစားပါ။ စိတ်အေးအေးထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်သမျှ ကြိုလုပ်ပါလို့ ပြောလိုပါတယ်”လို့ ဦးကျော်ဇောက ပြောပါတယ်။


စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းအပါတ်စဉ်(၉)သင်တန်းဖွင့်ပွဲကို ၂၀၂၅၊ဇန်နဝါရီ ၂၀ရက်က ပြုလုပ်နေပုံ(ဓါတ်ပုံ-MOI)
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းအပါတ်စဉ်(၉)သင်တန်းဖွင့်ပွဲကို ၂၀၂၅၊ဇန်နဝါရီ ၂၀ရက်က ပြုလုပ်နေပုံ(ဓါတ်ပုံ-MOI)

စစ်ကောင်စီက စစ်မှုထမ်းစစ်သားအတွက် လူဦးရေလေးသောင်းကျော်အထိ မတရားသိမ်းသွင်းစုဆောင်းလာခဲ့ပြီးဖြစ်ပြီး အဲ့ဒီလူတွေဟာလည်း ရှေ့တန်းစစ်မျက်နှာမျိုးစုံကို ပို့‌ဆောင်ခံနေရတယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။


စစ်ကောင်စီဟာ စစ်မှုထမ်းအပါတ်စဉ်-၉သင်တန်းကို ဇန်နဝါရီ ၂၀ရက်ကစတင်ခဲ့ပြီး အဲ့ဒီမတိုင်ခင်နဲ့ အခုလက်ရှိကာလတွေမှာ ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်နယ်နဲ့တိုင်းအချို့မှာ လူငယ်တွေဖမ်းဆီးခံရမှုတွေနဲ့ ပျောက်ဆုံးမှုတွေရှိခဲ့ပါတယ်။


မန္တလေးတိုင်းအတွင်းက အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီးစတဲ့ မြို့နယ်ခုနစ်ခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာပဲ လူငယ် (၂၃၇)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးသပိတ်အင်အားစုက အခုလ ၂ရက်နေ့မှာထုတ်ပြန်ထားပါတယ်။


အခုနှစ် ဇန်နဝါရီ ၂၃ရက်မှာ ပြဌာန်းခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ မြန်မာနိုင်ငံမှာစစ်မှုထမ်းဖို့ အမိန့်စာဆင့်ခေါ်ခံရသူတွေဟာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်ပိတ်ပင်ခံထားရသလို စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ဆန္ဒပြုသူတွေကိုဦးစားပေးရွေးချယ်ရမှာဖြစ်ပြီး လိုအပ်တဲ့လူအရေအတွက်မပြည့်ရင်တော့ မဲနှိုက်ရွေးချယ်တဲ့နည်းလမ်းကို အသုံးပြုခွင့်ရှိထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page