top of page

စစ်ကောင်စီလုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်

  • Writer: BVJ
    BVJ
  • Feb 10
  • 1 min read

BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၈ ၊ ၂၀၂၅


ree

စစ်ကောင်စီ ထိန်းချုပ်ထားပြီး လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့က လူစည်ကားရာ ဈေးတစ်ခုမှာ ပြည်သူလူထုကို လှုံ့ဆော်တဲ့ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှုတစ်ခုကို ရန်ကုန် သပိတ်စစ်ကြောင်းတွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။


“စစ်အာဏာရှင်ကိုတော်လှန်နေတာ၊ သင်တို့နဲ့မဆိုင်ဘူး ကျော်သွားကြပါ၊ စစ်မှုထမ်းဖို့ သွားကြပါ” စာသားနဲ့အတူ ဆန္ဒပြလှုပ်ရှား ပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကျပ်တည်းမှု၊ မလုံခြုံမှု၊ ဖိနှိပ်ခံရမှု၊ လူ့အခွင့်အရေး ဆုံးရှုံးမှုအပြင် အဓမ္မစစ်သားစုဆောင်းခံရမှု၊ ပေါ်တာဆွဲခံရမှုတွေ ရင်ဆိုင်နေရတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကို တွန်းလှန်တော်လှန်ဖို့ လိုတယ်လို့လည်း တော်လှန်ရေးသပိတ်အဖွဲ့တွေက ပြောထားပါတယ်။



ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ဟာ စစ်ကောင်စီကို ပုံစံမျိုးနဲ့တော်လှန်နေပြီး ရန်ကုန်မြို့မှာ သပိတ်လှုပ်ရှားမှုတွေ လုပ်ဆောင်နေသလို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကိုလည်း ရိက္ခာ၊ ဆေးဝါးနဲ့ အလှူငွေ ထောက်ပံ့မှုတွေကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း စစ်ကောင်စီရဲ့ အထွေထွေဖိနှိပ်မှုကို အံတုရင်ဆိုင်ကြဖို့ ဘုံရန်သူကို ထွက်ပေါက်မပေးဖို့အတွက် ပြည်သူတွေကို တိုက်တွန်းနှိုးဆော်ခဲ့ပြီး တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ပြည်သူအနေနဲ့ စိတ်ပျက်အားလျော့တာမျိုး မဖြစ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page