top of page

စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ARSA အဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၁၆ ဦး သေဆုံးကြောင်း AAထုတ်ပြန်

  • Writer: Zayar Oo
    Zayar Oo
  • Dec 28, 2024
  • 1 min read

BVJ/ထက်အောင် _ ဒီဇင်ဘာ ၂၆ ၊ ၂၀၂၄

မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ ARSA လက်နက်ကိုင်အဖွဲ့ ခြုံခိုတိုက်ခိုက်ရာနေရာမှ သိမ်းဆည်းရရှိခဲ့တဲ့ အသုံးအဆောင်ပစ္စည်းအချို့
မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ ARSA လက်နက်ကိုင်အဖွဲ့ ခြုံခိုတိုက်ခိုက်ရာနေရာမှ သိမ်းဆည်းရရှိခဲ့တဲ့ အသုံးအဆောင်ပစ္စည်းအချို့

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဈေးဝယ်ထွက်လာတဲ့ ခရီးသည်တင်ကားတစ်စီးကို စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ARSA အဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် စေတနာဝန်ထမ်းအပါအဝင် အပြစ်မဲ့ပြည်သူ ၁၆ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လာပါတယ်။


ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ စစ်သင်တန်းပေး လက်နက်တပ်ဆင်ပေးထားတဲ့ Arakan Rohingya Salvation Army (ARSA) အဖွဲ့က ကြိမ်ချောင်းကနေ တောင်ပြိုကို ဈေးဝယ်ထွက်လာတဲ့ အရပ်ဘက် ခရီးသည်တင်ကားတစ်စီးကို အခုလ ၂၄ ရက်မှာ ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ခရီးသည်တင်ကားပေါ်မှာ ပြည်သူ ၂၅ ဦး ပါလာပြီး ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုအတွင်း ၁၆ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တာလည်း ဖြစ်ပါတယ်။


သေဆုံးခဲ့သူတွေထဲမှာ စေတနာ့ဝန်ထမ်းအမျိုးသမီးလည်း ပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို အာရက္ခတပ်တော်က ဆေးဝါးကုသမှုလုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။ မောင်တောမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ ARSA အဖွဲ့ကို AA တပ်တော်က လိုက်လံရှာဖွေနေတယ်လို့လည်း သိရပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက် မောင်တောမြို့နယ်အတွင်း စစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) စခန်းကို AA တပ်တော်က အပြီးသတ်သိမ်းယူခဲ့ပြီး စစ်ကောင်စီ ဗိုလ်မှူးချုပ်အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးနိုင်ခဲ့ကာ မောင်တောမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ မောင်တောမြို့ကို စစ်ကောင်စီ လက်လွှတ်လိုက်ရချိန် စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ လက်အောက်ခံ ARSA ၊ RSO ၊ ARA လက်နက်ကိုင်အဖွဲ့တွေကလည်း စခန်းစွန့်ခွာထွက်ပြေးမှုတွေ ရှိခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page