top of page

စစ်ကောင်စီ နောက်ထပ်ခြောက်လသက်တမ်းတိုး

  • Writer: BVJ
    BVJ
  • Jan 31
  • 1 min read

BVJ/ယူဂရင်း_ ဇန်နဝါရီ ၃၁၊ ၂၀၂၅

ree

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို နေပြည်တော်မှာ ဒီနေ့မနက်ကပြုလုပ်ပြီး အရေးပေါ်ကာလသက်တမ်းကို နောက်ခြောက်လ ထပ်တိုးလိုက်ပါတယ်။


မနက်ဖြန်မှာ အာဏာသိမ်းသက်တမ်းလေးနှစ်ပြည့်မယ့် စစ်ကောင်စီဟာ အာဏာစတင်သိမ်းယူကတည်းက တစ်နှစ်သက်တမ်းတစ်ကြိမ်အပါအဝင် နောက်ထပ်ခြောက်လစီသက်တမ်းတိုးယူလာတာ အခုတစ်ကြိမ်နဲ့ဆို ရှစ်ကြိမ်မြောက်ရှိလာတာဖြစ်ပါတယ်။


အခုတစ်ကြိမ်မှာလည်း လက်ရှိနိုင်ငံတော်ရဲ့အခြေအနေတွေဟာ ရွေးကောက်ပွဲကျင်းပဖို့ကျင်းပရန် တည်ငြိမ်ဖို့လိုနေသေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်အုပ်ချုပ်ရေးကို နောက်ထပ် ခြောက်လ သက်တမ်းတိုးမြှင့်တယ်လို့ ကာလုံအစည်းအဝေးမှာ ကြေညာတာပါ။


စစ်ကောင်စီဟာ အခုတစ်ကြိမ်သက်တမ်းတိုးယူမှုဟာနောက်ဆုံးဖြစ်နိုင်ပြီး မကြာခင်ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်မှုတွေရှိနေတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page