top of page

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦးနဲ့ တပ်သား ၂ ဦးကို BNRA ထံ အလင်းဝင်လာ

  • Writer: BVJ
    BVJ
  • Mar 19
  • 1 min read

BVJ/ဇော်_မတ် ၁၂ ၊ ၂၀၂၅


ree

စစ်ကိုင်းတိုင်းအခြေစိုက် စစ်ကောင်စီ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်က ဒုတပ်ကြပ် (၁) ဦးနဲ့ ပုလဲမြို့ခံတပ်က တပ်သား (၂) ဦးတို့ လက်နက်အပြည့်အစုံနဲ့ ပုလဲမြို့ အခြေစိုက် အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဆီကို အလင်းဝင်လာတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း တပ်မ (၃၃) က ဒုတပ်ကြပ်တစ်ဦးက MA 1 တစ်လက်နဲ့အတူ အလင်းဝင်လာပြီး အခုလ မတ် (၆) ရက်နေ့မှာလည်း ပုလဲမြို့ခံတပ်က တပ်သား (၂) ဦးက MA 1 တစ်လက်နဲ့ အလင်းဝင်လာခဲ့တယ်လို့ BNRA က ဒီနေ့ မတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။


BNRA ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ စစ်မှုထမ်းအဓမ္မစုဆောင်းခံခဲ့ရတဲ့ ပြည်သူ့စစ်တွေဖြစ်ကြောင်းသိရပြီး အလင်းဝင်လာသူ ၃ ဦးက သူတို့နဲ့အတူ MA 1 သေနတ် ၂ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄၉ တောင့်တို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။


လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးကို BNRA က ကျပ်သိန်း(၂၀) စီ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ကာယကံရှင်တွေ သွားလိုတဲ့ ဘေးကင်းလုံခြုံရာနေရာကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page