top of page

စစ်ကောင်စီတပ်သား ၄ ဦးနဲ့ ရဲ ၁ ဦး အညာဒေသ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်

  • Writer: BVJ
    BVJ
  • Jan 11
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၁ ၊ ၂၀၂၅


ree

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတယ်လို့ အမှတ် ၁ စစ်ဒေသက မနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။


လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမှတ် ၁ စစ်ဒေသ လက်အောက်ခံ ရွှေဘိုခရိုင်တပ်ရင်း၊ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင် တပ်ရင်းတွေဆီ အလင်းဝင်ရောက်လာတာလည်းဖြစ်ပါတယ်။


မနေ့ ဇန်နဝါရီ ၁၀ ရက်က စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှိမ္မကားရွာမှာ တပ်စွဲထားတဲ့ အမှတ် ၁၃ ခြေမြန်တပ်ရင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး MA-1 (၂) လက်၊ MA ကျည် (၄၆၀) တောင့်တို့နဲ့အတူ ရွှေဘိုခရိုင် တပ်ရင်း ၂ ထံ ဆက်သွယ်အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



ဇန်နဝါရီ ၉ ရက်ကလည်း မကွေးတိုင်း ဆောမြို့နယ် မြို့မရဲစခန်းက ရဲတပ်သားတစ်ဦးနဲ့ မြစ်ခြေမြို့နယ် BPI မွေးမြူရေးစခန်းက စစ်ကောင်စီတပ်သား ၂ ဦးတို့ ဂန့်ဂေါခရိုင် တပ်ရင်း ၃ နဲ့ ပခုက္ကူခရိုင် တပ်ရင်း ၈ တို့ထံ အလင်းဝင်လာပြီး ၎င်းတို့နဲ့အတူ G-3 (၁) လက်၊ ကျည် (၃၄၉) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ကျည်အိမ် (၁၂)၊ MA-1 (၂) လက်၊ အီနာဂါ ဗုံးသီး (၁) လုံး၊ နာနတ်သီးဗုံး (၂) လုံး၊ MA ကျည် (၁၆၆) တောင့်၊ ပို့ကျည် (၅) တောင့်တို့ကိုလည်း ယူဆောင်လာပြီး အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။


အခုလ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းကလည်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ၇ ဦးကို ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page