top of page

စစ်ကောင်စီတပ်ရင်း ၁၀ ရင်း စုပေါင်းထားတဲ့စစ်ကြောင်းနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ ရေးမြို့နယ်အနီးမှာ တိုက်ပွဲပြင်းထန်နေ

  • Writer: BVJ
    BVJ
  • Jan 17
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၆ ၊ ၂၀၂၅


ree

မွန်ပြည်နယ် ရေးမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်း ၁၀ ရင်းက ထုတ်နုတ်အင်အားတွေပေါင်းပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ ကျုံလောင်းရွာအနီးမှာ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇၀ ခန့် သေဆုံးခဲ့တယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။


ရေးမြို့နယ် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၃၁၊ ၆၁၊ ၁၀၆ တပ်ရင်းတွေနဲ့ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၂၉၉၊ ၃၄၃၊ ၅၈၆၊ ၅၈၇၊ ၅၈၃၊ ၅၉၁ တို့အပါအဝင် အမှတ် ၃၁၆ အမြောက်တပ်ရင်းတို့က ထုတ်နုတ်အင်အားတွေ စုပေါင်းပြီး အင်အားအလုံးအရင်းနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။


အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် ဒေါနတပ်ရင်းတို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။


ree

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၀ ခန့် သေဆုံးခဲ့ပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးရဲဘော် ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးခဲ့တာကြောင့် ဘိုကလေးဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။


ဒီနေ့ (ဇန်နဝါရီ ၁၆) အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားမှုတွေရှိနေသလို စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေပေးနေတာကြောင့် ပြည်သူတွေအနေနဲ့လည်း လေကြောင်းနဲ့ လက်နက်ကြီးရန်တွေအတွက် အကာအကွယ်ကြိုတင်ပြင်ဆင်ထားဖို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အသိပေးပြောကြားမှုကို လိုက်နာဖို့ကိုလည်း ဒေါနတပ်ရင်းမှူး ရဲဘော် ရန်နိုင်က အသိပေးပြောထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page