top of page

ဂွမြို့ကို စစ်ကောင်စီအင်အား ၁၂၀၀ ကျော်နဲ့ခုခံခဲ့ပေမဲ့ လက်လွှတ်လိုက်ရ

  • Writer: Zayar Oo
    Zayar Oo
  • Dec 31, 2024
  • 1 min read

စစ်ကောင်စီ တပ်မမှူး ဗိုလ်မှူးကြီး၊ တပ်ရင်းမှူးအပါအဝင် ၇၀၀ ကျော် သေဆုံး


BVJ/Moore _ ဒီဇင်ဘာ ၃၀ ၊ ၂၀၂၄

ree

ရခိုင်ပြည်နယ် ဂွမြို့ကို လက်မလွှတ်ရစေဖို့အတွက် စစ်ကောင်စီက သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်း လက်နက်ကြီးပစ်ကူတို့အပြင် သံချပ်ကာ ၁၀ စီး၊ တပ်ဖွဲ့ဝင် အင်အား ၁၂၀၀ ကျော်နဲ့ ထိုးစစ်ပုံစံအမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ်နဲ့ ခုခံခဲ့ပေမဲ့ မနေ့က ဒီဇင်ဘာ ၂၉ ရက်မှာ အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းယူနိုင်ခဲ့ပါတယ်။


ဧရာဝတီတိုင်းနဲ့ကပ်လျက် ရခိုင်ပြည်နယ် တောင်ဘက်စွန်းမှာရှိတဲ့ ဂွမြို့က စစ်ကောင်စီတပ်စခန်းတွေကို AA တပ်တော်က ဒီဇင်ဘာ ၁၅ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး နှစ်ပတ်အကြာ ဒီဇင်ဘာ ၂၉ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ဂွမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၅၆၂၊ ၅၆၃ ခြေမြန်တပ်ရင်း (ခမရ) စခန်းတွေအပြင် စစ်ကူလာတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄ တပ်ရင်း၊ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၄၊ ခမရ ၂၁၅၊ ခမရ ၂၁၇ တို့အပြင် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ ခလရ ၃၆ ၊ ခလရ ၃၈၊ ခလရ ၉၃၊ ခလရ ၂၇၁ နဲ့ ခလရ ၃၀၈ တပ်ရင်းတို့နဲ့လည်း ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။




ဂွမြို့တိုက်ပွဲကို စစ်ကောင်စီဘက်က တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းနဲ့ ဗျူဟာမှူးတွေဖြစ်တဲ့ ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ ဗိုလ်မှူးကြီး ကျော်ဇင်ထိုက်တို့က ဦးဆောင်စီစဉ်ကွပ်ကဲခဲ့တာဖြစ်ပေမဲ့ AA တပ်တော်ရဲ့ ထိုးစစ်ဆင်မှုအောက်မှာ လက်လွှတ်ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။


နှစ်ပတ်ကြာ ဂွမြို့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးကြီး သန်းစိုးဝင်းအပါအဝင် တပ်ရင်းမှူးအချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းအများအပြားကိုလည်း ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း၊ သံချပ်ကာကားတွေကိုလည်း သိမ်းယူရရှိနိုင်ခဲ့ပါတယ်။


ဂွမြို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၄ နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို AA တပ်တော်က ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြို့အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ချိန် ဒေသတွင်းမှာရှိတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ကာကွယ်စောင့်ရှောက်ပေးသွားမယ် ပြောကြားထားပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုပါကလည်း အမြဲတမ်းအသင့်ရှိနေတယ်လို့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကလည်း မနေ့က ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page