ချင်းကောင်စီနှစ်ခုပေါင်းစည်းပြီး ချင်းအမျိုးသားဖွဲ့စည်းပုံဥပဒေမူကြမ်း ရေးဆွဲမယ်
- BVJ

- Feb 27
- 1 min read
BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅

ချင်းပြည်ကောင်စီ (Chinland Council-CC)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ (Chin National Council)အဖြစ် ဖွဲ့စည်းသွားမှာဖြစ်ကြောင်း မနေ့က ဖေဖော်ဝါရီ ၂၆ ရက်ညပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်အတွင်း ကောင်စီနှစ်ရပ်ရှိနေတာဟာမဖြစ်သင့်ဘူးလို့ နှစ်ဖက်အဖွဲ့တွေကလက်ခံယုံကြည်တာကြောင့် ကောင်စီသစ်တစ်ရပ်အဖြစ်ပေါင်းစည်းဖို့ သဘောတူညီခဲ့ပြီးChin National Council ဖွဲ့စည်းပြီး ချင်းအမျိုးသားဖွဲ့စည်းပုံဥပဒေမူကြမ်းကိုပါ ရေးဆွဲဖို့သဘောတူခဲ့ကြောင်းကို CCနဲ့ ICNCCတို့က ချင်းပြည်သူတွေကိုအသိပေးလာတာပါ။
ချင်းလူမျိုးတွေစည်းလုံးညီညွတ်ရေးအတွက် ချင်းပြည်သူတွေဝမ်းမြောက်စွာကြိုဆိုကြဖို့ကိုလည်း CCနဲ့ ICNCCတို့က ဖော်ပြထားပါသေးတယ်။
ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး-CNFဦးဆောင်တဲ့ CCနဲ့ ချင်းညီနောင်တပ်ဖွဲ့တွေပါဝင်တဲ့ ICNCCဆိုပြီး အရင်က နှစ်ဖွဲ့ကွဲနေခဲ့တာဖြစ်ပါတယ်။
အခုပူးပေါင်းမှုကိုတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာရဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ဦးဆောင်မှုနဲ့ နှစ်ဖက်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလိုပေါင်းစည်းဖို့ သဘောတူညီချက်တရပ်ထွက်ပေါ်လာခဲ့တာပါ။







Comments