ခွဲခြားမှုကင်းပြီး ဂျဲန်ဒါတန်းတူရေးအလေးပေးတဲ့တပ်အဖြစ် အသွင်ပြောင်းဖို့ကြိုးပမ်းမယ်လို့ KNDFကတိပြု
- BVJ

- Mar 8
- 1 min read
BVJ/ယူဂရင်း_ မတ် ၈၊ ၂၀၂၅

ခွဲခြားဆက်ဆံမှုကင်းပြီး ဖိနှိပ်မှုမှန်သမျှတိုက်ဖျက်ကာ ဂျဲန်ဒါတန်းတူရေးကို အလေးပေးတဲ့ ပြည်နယ်တပ်အဖြစ် အသွင်ပြောင်းနိုင်ရေး ရဲဘော်တွေအားလုံးရဲ့ဖေးမခွန်အားတွေနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFရဲ့ ဂျဲန်ဒါတန်းတူညီမျှရေးဌာနက ဒီနေ့မှာ ကတိပြုပါတယ်။
KNDFတပ်မှာ တာဝန်ထမ်းဆောင်နေတ့ အမျိုးသမီးရဲဘော်တွေအတွက် ဒီနေ့ မတ်လ ၈ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်မှာ သတင်းစကား ထုတ်ပြန်လာတာပါ။
တပ်တွင်းအမျိုးသမီးတွေရဲ့ တော်လှန်ရေးကိုလေ့လာကြည့်ရင်လည်း တိုက်ခိုက်ရေးနဲ့စစ်ရေး ပဋိပက္ခအတွင်း တော်လှန်ရေးကို တတ်စွမ်းတဲ့ဘက်ကနေပါဝင်ကူညီနေတာသာမက စစ်ပုံကျဖိုဝါဒစနစ်အတွင်း တန်းတူညီမျှရှာဖွေခြင်း၊ လူသားချင်းစာနာထောက်ထားရေး၊ ကျန်းမာရေး၊ ပညာရေး၊ မိသားစုအရေး စတဲ့ကဏ အသီးသီးမှာ တတ်စွမ်းသမျှပါဝင်ကူညီနေတာကိုလည်း တွေ့ရတာကြောင့် ဒါကလည်း တော်လှန်ရေးလက္ခဏာတရပ်ပဲဖြစ်တယ်လို့ KNDFက ဖော်ပြပါတယ်။
ဒါကြောင့် အမျိုးသမီးရဲဘော်တွေအားလုံးကိုဂုဏ်ပြုရင်း ဒီနေ့ကစ နောင်အနာဂတ်မှာလည်း ခွဲခြားဆက်ဆဲမှုကင်းပြီး ဖိနှိပ်မှုမှန်သမျှကို တိုက်ဖျက်တာ ဂျဲန်ဒါတန်းတူရေးကို အလေးပေးတဲ့ ပြည်နယ်တပ်အဖြစ် အသွင်ပြောင်းနိုင်ရေး ကြိုးပမ်းမယ်လို့ ကတိကဝတ်ပြုထုတ်ပြန်ထားပါတယ်။







Comments