top of page

ကူမင်းသဘောတူညီရပြီးနောက်ပိုင်း MNDAA ထိန်းချုပ်ထားတဲ့ ဂိတ် ၄ ခုထဲက ၂ ခုကိုသာ တရုတ်ပြန်ဖွင့်ပေးထား

  • Writer: BVJ
    BVJ
  • Jan 23
  • 1 min read

လားရှိုးကနေ MNDAA ပြန်ဆုတ်ရမယ်ဆိုတဲ့အချက် သဘောတူညီမှုထဲ မပါဝင်ဟုဆို


BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၃ ၊ ၂၀၂၅

လောက်ကိုင်မြို့နယ် ချင်းရွှေဟော်ဂိတ်ကို MNDAA က သိမ်းယူပြီးနောက် ၂၀၂၃ အောက်တိုဘာ ၂၉ ရက်မှာ MNDAA တပ်ဖွဲ့ဝင်များ သန့်ရှင်းရေး လုပ်ဆောင်နေစဉ် (Photo: The Kokang)
လောက်ကိုင်မြို့နယ် ချင်းရွှေဟော်ဂိတ်ကို MNDAA က သိမ်းယူပြီးနောက် ၂၀၂၃ အောက်တိုဘာ ၂၉ ရက်မှာ MNDAA တပ်ဖွဲ့ဝင်များ သန့်ရှင်းရေး လုပ်ဆောင်နေစဉ် (Photo: The Kokang)

ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်အပစ်အခတ်ရပ်စဲခဲ့ပြီးချိန် နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့ကို တရုတ်အစိုးရဘက်က ပြန်ဖွင့်ပေးခဲ့ပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ်မတော် (MNDAA) က ကျန်စန်းကျော့၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ ရန်လုံကျိုင်းနဲ့ ချင်းရွှေဟော်ဂိတ်တွေကို ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းယူထိန်းချုပ်ထားတာဖြစ်ပြီ အဲ့ဒီအထဲက လောက်ကိုင်မြို့နယ်ထဲမှာရှိတဲ့ ရန်လုံကျိုင်းနဲ့ ချင်းရွှေဟော်ဂိတ်တွေကို ကူမင်း ဆွေးနွေးပွဲအပြီး တရုတ်အစိုးရဘက်က ပြန်ဖွင့်ပေးခဲ့ပေမဲ့ ကြူကုတ်(ပန်ဆိုင်း)နဲ့ မုန်းကိုးဂိတ်တွေကိုတော့ ဆက်ပိတ်ထားဆဲ ဖြစ်ပါတယ်။


ဒါ့အပြင် MNDAA ထိန်းချုပ်ထားတဲ့ မူဆယ်နယ်စပ် ကျင်စန်းကျော့ဂိတ်ကိုလည်း တရုတ်ဘက်က ပို့ကုန်တွေကို ဆက်လက်ပိတ်ထားပြီး အကန့်အသတ်နဲ့သာ ပြန်ဖွင့်ပေးထားပါတယ်။ တရုတ်-မြန်မာနယ်စပ်တလျှောက် နယ်စပ်ကုန်သွယ်ရေးဂိတ် စုစုပေါင်း (၁၉)ခုရှိပြီး (၁၀)ခုကိုသာ ပြန်ဖွင့်ပေးထားပြီး (၃)ခုကို ဆက်လက်ပိတ်ထားကာ (၆)ခုကို အကန့်အသတ်နဲ့ ဖွင့်ပေးထားတာဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။


ကူမင်းဆွေးနွေးပွဲအပြီး စစ်ကောင်စီနဲ့ MNDAA တို့ သဘောတူညီချက်တွေထဲမှာ လားရှိုးကနေ MNDAA တပ် လာမယ့် ဇွန်လအတွင်းမှာ ပြန်ဆုတ်ခွာပေးရမယ့်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ ဒါဟာ မှန်ကန်မှုမရှိဘူးလို့လည်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး တာဝန်ရှိသူတစ်ဦးက Burma VJ ကို အတည်ပြုပြောပါတယ်။


“လားရှိုးကနေ MNDAA ပြန်ဆုတ်မယ်ဆိုတာ မဟုတ်ပါဘူး။ ပြီးတော့ တရားဝင် လက်မှတ်ထိုးထားတဲ့အချက်တွေထဲမှာလည်း အဲဒါမပါ,ပါဘူး။ တရုတ်နိုင်ငံက တရားဝင် ထုတ်ပြန်တဲ့ သတင်းဌာနတွေမှာလည်း ဒီအကြောင်းမပါ,ပါဘူး”လို့ ဆိုပါတယ်။


တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကူမင်း နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တာသာဖြစ်တယ်လို့ သိရပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကလည်း နှစ်ဖက်အပစ်အခတ်ရပ်စဲရေး တရားဝင် သဘောတူညီမှုရရှိခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နယ်စပ်ဒေသ လုံခြုံရေးတည်ဆောက်နိုင်ဖို့အပါအဝင် ဘုံအကျိုးစီးပွားတွေအတွက် ဒေသတွင်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံတွေအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်လို့ ပြောထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page