top of page

ကော်ဘရာစစ်ကြောင်းက သိမ်းယူထားတဲ့ မြဝတီ၊ သင်္ဃန်းညီနောင်ကို NUG ဝန်ကြီးချုပ်သွားရောက်

  • Writer: Zayar Oo
    Zayar Oo
  • Jan 5
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃ ၊ ၂၀၂၅


ree

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ Cobra Column ဗျူဟာ ၃၂ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောတို့ ကရင်ပြည်နယ်အတွင်း တွေ့ဆုံခဲ့တယ်လို့ မနေ့က ဇန်နဝါရီ ၂ ရက်မှာ NUG က သတင်းထုတ်ပြန်လာပါတယ်။


ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်နေတဲ့ ဗျူဟာ ၃၂ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောနဲ့ Cobra Column တပ်ဖွဲ့ဝင်တွေကို NUG ဝန်ကြီးချုပ်က သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး ဗိုလ်ဒါဘောကလည်း ဒေသတွင်း စစ်ရေးအခြေအနေတွေကို ရှင်းလင်းပြောပြခဲ့ပါတယ်။


ဒါ့အပြင် စစ်ဆင်ရေးအတွင်း လက်နက်ချအလင်းဝင်လာခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လည်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တွေ့ဆုံခဲ့သလို Cobra Column အဖွဲ့က သိမ်းယူထားတဲ့ မြဝတီမြို့နယ် သင်္ဃန်းညီနောင် စစ်ကောင်စီ အမှတ် ၃၅၅ ခြေမြန်တပ်ရင်းနဲ့ ပစ်ချခံထားရတဲ့ ရဟတ်ယာဉ်ကိုလည်း NUG ဝန်ကြီးချုပ်နဲ့အဖွဲ့က သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။





ကရင်ပြည်နယ် မြဝတီမြို့ကို အောင်ဇေယျစစ်ကြောင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်ပြည်နယ် ဒေသတွင်း တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူ ဗိုလ်ဒါဘော ဦးဆောင်တဲ့ Cobra Column တပ်ရင်းတပ်ဖွဲ့တွေကလည်း ချေမှုန်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကလည်း NUG ဝန်ကြီးချုပ်နဲ့အတူ ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ တာဝန်ရှိသူတွေဟာ ရန်ကုန်တိုင်းစစ်ဌာနအောက်မှာရှိတဲ့ တပ်ရင်း ၅၁၀၁၊ တပ်ရင်း ၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း ၁ က ရဲဘော်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး လိုအပ်တဲ့အသုံးအဆောင်တွေ ပေးအပ်ခဲ့သလို တော်လှန်ရေးအတွက် အားပေးစကား ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page