ကျောက်မဲမြို့ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရ၊ခရိုင်ရုံးနဲ့ ညစျေးတန်း မှာ ဗုံးကျကျောက်မဲမြို့ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရ၊ခရိုင်ရုံးနဲ့ ညစျေးတန်း မှာ ဗုံးကျ
- BVJ

- Jan 28
- 1 min read
BVJ/အေတီ _ ဇန်နဝါရီ ၂၇ ၊ ၂၀၂၅

TNLA တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ၂၇ရက်မှာလည်း လေကြောင်းက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
“စစ်ကောင်စီကကျောက်မဲမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်တယ်။ ခရိုင်ရုံးနဲ့ ညစျေး တန်းမှာ ကျပြီး အထိအခိုက်များနိုင်တယ်လို့ TNLA တပ်ဖွဲ့ အရာရှိ Mai Amm La Ngean က သူ့ဖေ့စ်ဘုခ်စာမျက်နှာမှာ ဗီဒီယိုနဲ့တကွ ဖော်ပြထားပါတယ်။ “
ကျောက်မဲမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုဟာ ၃ရက်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဒီဇ င်ဘာ၂၅ရက်နေ့က ကျောက်မဲမြို့ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM ဆရာမနှစ်ဦး၊ လူနာတစ်ဦးနဲ့ အရပ်သား ၂၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီနေ့ ဗုံးကြဲတိုက်ခိုက်ခံရမှု နောက်ဆက်တွဲသတင်းတွေကိုလည်း လက်လှမ်းမှီသလောက် ဆက်လက်ဖော်ပြပေးသွားပါမယ်။







Comments