top of page

ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီစခန်း ၄ ခုကို CDF-KKG ပူးပေါင်းတပ်တွေ သိမ်းယူ

  • Writer: BVJ
    BVJ
  • Feb 17
  • 1 min read

BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၅


ကလေးမြို့ တောင်ပိုင်း တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (Photo: Zalen)
ကလေးမြို့ တောင်ပိုင်း တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (Photo: Zalen)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ စခန်း ၄ ခုနဲ့ ကာကင်းစခန်းတွေကို Chinland Defense Force - Kalay Kabaw Gangaw (CDF KKG) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ CDF – KKG သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့ ကမ်းပါးနီ (ကဘနီ) တပ်စန်းနဲ့ ကာကင်းစခန်းတွေကို CDF-KKG ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညပိုင်းကတည်း သိမ်းယူထားနိုင်ခဲ့တာဖြစ်ပြီး တစ်ပတ်အတွင်း မှန်တောရွာ၊ အောင်သာယာရွာနဲ့ ယင်းရွာနှစ်ခုကြားက စစ်ကောင်စီတပ်စခန်းကိုလည်း ဒေသတော်လှန်ရေးတပ်ဖွဲ့က ဆက်လက်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


“ကျွန်တော်တို့ ဒီကမ်းပါးနီ (ကဘနီ) စခန်းကို သိမ်းနိုင်ခဲ့တယ်။ အဓိကကတော့ ကဘနီစခန်းနဲ့ ကာကင်းစခန်းတွေကို ကျွန်တော်တို့ အကုန်လုံး ထိန်းချုပ်နိုင်ခဲ့တဲ့အနေအထားပေါ့။ ဖမ်းမိတာကတော့ လောလောဆယ် ၁ ယောက်တော့ မိထားပါတယ်။ မှန်တောရွာ၊ အောင်သာယာရွာရယ်၊ ပြီးတော့ မှန်တောနဲ့ အောင်သာယာရွာကြားမှာ စခန်းငယ်လေးတစ်ခုရယ်ပေါ့။ အကုန်လုံးကိုတော့ စခန်း ၄ ခုလို့ ပြောလို့ရတယ်” လို့ CDF-KKG သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးက Burma VJ ကို အတည်ပြု ဖြေကြားထားပါတယ်။



CDF-KKG နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ စတင်ထိုးစစ်ဆင်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်စပြီး စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲချမှုနဲ့ Y-12 လေယာဉ်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်ခဲ့သလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်အထိ မြေပြင်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့လည်း သိရပါတယ်။ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကလေးတောင်ပိုင်းက ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ အများအပြား နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page