ကမ္ဘောဒီးယားနယ်စပ် ထိုင်းနိုင်ငံအတွင်းက ခရိုင်၈ခုမှာ စစ်အုပ်ချုပ်ရေးကြေညာ
- BVJ

- Jul 28
- 1 min read
အေတီ/BVJ- ဇူလိုင် ၂၅၊ ၂၀၂၅

Chanthaburi-Trat နယ်ခြားစောင့်ကွပ်ကဲမှုအဖွဲ့က ထကမ္ဘောဒီးယားနယ်စပ် ထိုင်းနိုင်ငံ ပြည်နယ်နှစ်ခုက ခရိုင်ရှစ်ခုမှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါပြီ။ မာရှယ်လောစစ်အုပ်ချုပ်ရေးအမိန့်က ဒီနေ့ သောကြာနေ့ကစပြီး အသက်ဝင်မှာဖြစ်ပါတယ်။
နယ်စပ်တလျှောက်မှာ ကမ္ဘောဒီးယားတပ်တွေက ထိုင်းပိုင်နက်ကို ကျူးကျော်ဖို့ရည်ရွယ်ပြီး အင်အားတွေသုံး လက်နက်တွေပါအသုံးပြုလာတဲ့အတွက် ပြည်ပကျူးကျော်မှုရန်ကိုကာကွယ်ဖို့ စစ်အင်အားသုံးဖို့လိုအပ်လာတဲ့အတွက်စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ရတာဖြစ်တယ်လို့ စစ်အုပ်ချုပ်ရေးထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
နှစ်ဖက် စစ်ပွဲအရှိန်မြင့်တက်လာနေတဲ့အတွက် လတ်တလောမှာလည်း ကမ္ဘောဒီးယားနယ်စပ်တဝိုက် ထိုင်းဘက်အချမ်းက လူပေါင်း တစ်သိန်းသုံးသောင်းကျော်ဘေးလွတ်ရာကို အရေးပေါ် နေရာ ပြောင်းရွှေ့ပေးထားရပါတယ်။ကြာသပတေးနေ့က စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်က အရပ်သား ၁၅ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
မနေ့ကြာသပတေးနေ့မနက်ပိုင်းက ကမ္ဘောဒီးယားဘက်က ထိုင်းနိုင်ငံဘက်အခြမ်းကို ဒုံးကျည်တွေ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ထိုင်းနိုင်ငံက F16 တိုက်လေယာဥ်တွေနဲ့ ကမ္ဘောဒီးယား စစ်ရေးပတ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။







Comments